AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လက်စတာစီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်ကတည်းက လက်စတာစီးတီးအသင်းဟာ စပါးအသင်းရဲ့နောက်တန်းကို ခြိမ်းခြောက်ကစားနိုင်ခဲ့ပြီး ၁၃ မိနစ်မှာ ဗာဒီက အယ်ဘရိုက်တန်ရဲ့ပေးပို့မှုကနေတစ်ဆင့် လက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ယနေ့ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်း ပုံစံကောင်းတွေ ပျောက်ဆုံးနေတာကြောင့် ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။

play

 

၁၈ မိနစ်မှာ စပါးအသင်းရဲ့ကွင်းလယ်ကစားသမား မူဆာဆစ်ဆိုခို ဂိုးသမားနဲ့တစ်ယောက်ချင်း ကန်သွင်းယူခွင့်ရခဲ့ပေမယ့် နောက်ခံကစားသမားတွေ ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်နိုင်ခဲ့တာကြောင့် ချေပဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပထမပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်ပေးခဲ့ပြီး ၄၆ မိနစ်မှာ မာရက်ဇ်က ဘီးကုပ်စက်ဝိုင်းထိပ်ကနေ လှလှပပကန်သွင်းယူပြီး လက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းက တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ်ကြိမ် ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲရစ်ဆင် ဂိုးရှေ့မှာ အပိုင်ကန်သွင်းခွင့်ကို လွဲချော်ခဲ့သလို လက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမားတွေနဲ့ ဂိုးသမားကလည်း အစွမ်းကုန် ကာကွယ်နိုင်ခဲ့ကြပါတယ်။

play

၇၈ မိနစ်မှာ လာမယ်လာရဲ့ပေးပို့မှုကနေတစ်ဆင့် ဟယ်ရီကိန်း အပိုင်ကန်သွင်းပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ချေပဂိုး တစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းဟာ နည်းပြ ပေါ့ချက်တီနို ဝန်ခံခဲ့သလို ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ မရှိနေတော့ဘူးဆိုတဲ့စကားအတိုင်း ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၃ မှတ်အထိ ပြတ်နေခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ ကြာသပတေးနေ့ နံနက်မှသာ ပွဲစဉ် ၁၄ ကို ကန်ရမှာဖြစ်တဲ့အတွက် ယင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၁၆ မှတ်ထိ ကွာဟသွားမှာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD