AD
AD
AD

နည်းပြလက်မဲ့ဖြစ်နေတဲ့ ပရီးမီးယားလိဂ် ကလပ် ၀က်စ်ဘရွန်းအသင်းအနေနဲ့ ယခင် ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်နည်းပြဟောင်း အလန်ပါဂျူးကို ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ အလန်ပါဂျူးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာလကတည်းက ပဲလေ့စ်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး ၀က်စ်ဘရွန်းအသင်းနဲ့အတူ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

play
ယခင်ဝက်ဘရွန်းနည်းပြ တိုနီပူးလစ်နဲ့ အတူ တွေ့မြင်ရစဉ်။

 

ပါဂျူးအနေနဲ့ ၀က်စ်ဘရွန်းကို တာဝန်ယူကိုင်တွယ်ဖြစ်ခဲ့ပါက ပထမဆုံးပွဲစဉ်အဖြစ် အသင်းဟောင်း ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လီဗာပူး၊ဆွမ်ဆီးတို့အပြင် မန်ယူအသင်းနဲ့ပါ ဆက်တိုက် ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ကျွန်တော် နည်းပြရာထူးအတွက် ကမ်းလှမ်းခြင်း မခံခဲ့ရပါဘူး။ဒါပေမယ့် အခုတော့ ဖြစ်လာခဲ့ပါပြီ။ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဖြစ်ခဲ့ရင် ကျွန်တော်လက်ခံမှာပါ။” လို့ ပါဂျူးက ပြောခဲ့ပါတယ်။

နည်းပြသက်တမ်းတစ်လျှောက် ၀က်စ်ဟမ်း၊ချာလ်တန်နဲ့ ဆောက်သမ်တန်အသင်းတွေကိုလည်း ၁၈ နှစ်အတွင်း တာဝန်ယူကိုင်တွယ်ခဲ့ကာ FAဖလား ဗိုလ်လုပွဲကိုလည်း နှစ်ကြိမ်တိုင် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်ကလည်း နယူးကာဆယ်အသင်းကို အဆင့် ၅ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

လက်ရှိ ၀က်စ်ဘရွန်းအသင်းကို ဂရေး မီဆန်က တာဝန်ယူကိုင်တွယ်ပေးနေပါရာ ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲမှ ၂-၂ ဂိုးသရေကျခဲ့ပြီးနောက် အဆင့် ၁၆ နေရာမှာရပ်တည်နေနိုင် ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD