ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄)တွင် မန်ယူ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို တောင်ပံ ကစားသမား အက်ရှ်လေယန်းက ဖရီးကစ်မှတဆင့် တိုက်ရိုက်ကန်သွင်းရယူပေးခဲ့ပါတယ်။

play

 

အဆိုပါ ဂိုးမသွင်းယူမီ အက်ရှ်လေးယန်းမှာ ၁၈ ကိုက်စည်းထိပ်မှ အပြင်းကန်သွင်းကာ ပထမ ဦးဆောင်ဂိုးကိုသွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

play

 

ဝက်ဖို့ဒ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အက်ရှ်လေယန်းအနေနဲ့ ဖရီးကစ်မှတဆင့်တိုက်ရိုက် ဂိုးသွင်းယူပြီးအချိန် နည်းပြမောင်ရင်ဟိုမှာ မတ်တပ်ရပ်၍ အောင်ပွဲပင်မခံနိုင်အောင် မှင်သက်နေခဲ့ပြီး လက်ထောက်နည်းပြများကို ပြန်လည်မော့ကြည့်ကာ ဟုတ်ကော ဟုတ်ရဲ့လားဆိုတဲ့ သံသယ မျက်လုံးများနဲ့ ပင် ကြည့်ယူရတဲ့အထိ အက်ရှ်လေယန်းရဲ့ သွင်းဂိုးဟာ လှပသေသပ်ပြီး အံ့အားသင့်ဖွယ်ကောင်းခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ အင်္ဂလန်လက်ရွေးစင်ဟောင်းအနေနဲ့ ဂိုးသွင်းအပြီးမှာ ကင်မရာရှေ့သွားပြီး အောင်ပွဲခံခဲ့ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video