AD
AD
AD

လာမယ့် တနင်္ဂနွေနေ့ နံနက် ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ နီမန်ဂျာမာတစ် မပါဝင်နိုင်မှာကို မန်ယူ ပရိသတ်များက စိုးရိမ်နေပါတယ်။

play

 

အကြောင်းရင်းကတော့ ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့ဒ်အသင်းနဲ့ပွဲမှာ ပွဲကစားချိန် ၅၄ မိနစ်၌ ဒဏ်ရာ အနည်းငယ်ရရှိခဲ့လို့ မာတစ်ကို အန်ဒါဟာရဲရားနဲ့ လူစားလဲခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ဒဏ်ရာကြောင့် မာတစ်အနေနဲ့  လာမယ့် ၃ ရက်အကြာမှာ သွားရောက်ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ မပါဝင်နိုင်မှာကို မန်ယူပရိသတ်များ စိုးရိမ်နေကြတာ ဖြစ်ပြီး ၎င်းတို့ရဲ့ တွစ်တာ အကောင့်တွေမှတဆင့် မာတစ်အတွက် အားပေးစကားတွေ ဆုတောင်းစကား တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။

 

နည်းပြမော်ရင်ဟိုအနေနဲ့လည်း မာတစ်လူစားလဲချိန်မှာ အနီးကိုသွားရောက်၍ သတင်းမေးမှုပြုလုပ်ခဲ့တာကိုလည်း တွေ့ခဲ့ရပြီး မန်ယူအသင်းကတော့ လက်ရှိအချိန်အထိ မာတစ်ရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြန်ပေးခြင်း မရှိသေးပေ။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD