AD
AD
AD

ဒေးဇစ်လုဇ်အနေနဲ့ လာမယ့် ဇန်န၀ါရီဈေးကွက်မှာ ချဲလ်ဆီးအသင်းကနေ ရီးရဲအသင်းကို ပြောင်းရွှေ့နိုင်ရေးအတွက် စကားပြောနေတယ်လို့ သိရပါတယ်။

play

 

ဘရာဇီးနောက်ခံလူ ဒေးဗစ်လုဇ်အနေနဲ့ နည်းပြ ကွန်တီလက်ထက် ရိုးမားကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ပါဝင် ကစားခွင့်မရတော့တာလည်း ဖြစ်ပါတယ်။

play

 

အသက် ၃၀ ရှိပြီဖြစ်တဲ့ လုဇ်အနေနဲ့ ယခုအခါ ချဲလ်ဆီးအသင်းလူစာရင်းမှ ချန်လှပ်ထားခြင်းခံထားရကာ ၀က်စ်ဘရွန်းကိုအနိုင်ရခဲ့တဲ့ပွဲနဲ့ လီဗာပူးကို သရေကျခဲ့တဲ့ပွဲတွေမှာ အရံခုံမှာသာထိုင်နေခဲ့ရပါတယ်။

ထို့ကြောင့် လာမယ့်ဇန်န၀ါရီမှာ ရီးရဲကိုပြောင်းရွှေ့နိုင်ရေးအတွက် ဆုံးဖြတ်ချက်ချလိုက်ပြီလို့ သိရပြီး ဆွေးနွေးမှု တွေပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

 “အရိုးသားဆုံးပြောရရင် ဒီအခိုက်အတန့်ဟာ ဖြေကြားဖို့ အခက်ခဲဆုံးအချိန်ဖြစ်နေပါတယ်။ကျွန်တော့်အနေနဲ့ သူဘယ်လောက်ထိ အသင်းလူစာရင်းမှာ မပါဝင်နိုင်ဘူးလဲဆိုတာ အတိအကျမပြောနိုင်သေးပါဘူး။” လို့ ချဲလ်ဆီး နည်းပြကွန်တီက ပြောပါတယ်။

မနက်ဖြန်နံနက်မှာ ကစားမယ့် ဆွမ်ဆီးနဲ့ပွဲမှာလည်း အသင်းလူစာရင်းကနေ ချန်လှပ်ထားခြင်းခံထားရကာ ခြေသလုံးဒဏ်ရာလည်း အနည်းငယ်ခံစားနေရတယ်လို့သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD