AD
AD
AD

လီဗာပူးအသင်းရဲ့ အီဂျစ် ကစားသမား မိုဟာမက်ဆာလာရဲ့ပြောင်းရွှေ့ကြေးမှာ ယခုထက်ပိုမို မြင့်မားလာဖို့ ရှိနေတယ်လို့ သိရပါတယ်။

play

 

ယခုနှစ်ရာသီမှာ ရိုးမားကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာတဲ့ မိုဟာမက်ဆာလာအနေနဲ့ လီဗာပူးအသင်း မှာလည်း ရေရှည်ကစားလိုစိတ်မရှိပဲ အသင်းထပ်မံပြောင်းရွှေ့ဖို့ ရှိတယ်လို့ ၎င်းရဲ့ အေးဂျင့်က ထုတ်ဖော်ပြောခဲ့ ပါတယ်။

play

 

“ဆာလာအနေနဲ့ လာမယ့် နွေရာသီမှာ လီဗာပူးအသင်းမှာဆက်ရှိနေဖို့ မသေချာပါဘူး။အသင်းပြောင်းရွှေ့ဖို့ သူ့မှာ ရေရှည်စီမံကိန်းရှိပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ၂၀ သွင်းပြီးပါက သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၅၀ အထိ မြင့်တက်သွားမှာပါ။” လို့ ၎င်းရဲ့ အေးဂျင့်က ထုတ်ဖော်ပြောခဲ့ပါတယ်။

ဆာလာမှာ ယခုနှစ် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအထိ ရယူထားနိုင်ပြီဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD