အိမ်ကွင်းမှာ ဟတ်ဒါဖီးလ်အသင်းကို အာဆင်နယ်အသင်းက အကောင်းဆုံးဧည့်ခံကစားပြီး အိုလ်ဇေးရဲ့ ခြေစွမ်းပြမှုနဲ့အတူ ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

play

 

အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရရှိရေး လူစုံထုတ်လာခဲ့ပြီး အိုလ်ဇေး၊ဆန်းချက်နဲ့ လာကာဇက်တီတို့ကို ပွဲထုတ်ခဲ့ရာမှာ ပွဲအစ ၃ မိနစ်မှာပင် လာကာဇက်တီက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ယခုပွဲအနိုင်ရလဒ်မှာ အိုလ်ဇေးရဲ့ အထူးခြေစွမ်းပြမှုနဲ့အတူ အနိုင်ရရှိခဲ့တာလည်းဖြစ်ပြီး တစ်ပွဲလုံး ခြေစွမ်းပြကာ ကိုယ်တိုင်တစ်ဂိုးသွင်းယူနိုင်ခဲ့သ လို နှစ်ဂိုးလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အိုလ်ဇေးအနေနဲ့ ဇန်န၀ါရီမှာ အသင်းပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပြီး နည်းပြအာစင်ဝင်းဂါးကိုယ်တိုင်က-" ဇန်ဝါရီမှာ သူက အသင်းပြောင်းဖို့ ချိတ်ဆက်နေသူပါ။ဒါပေမယ့် သူဟာ အကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာ သက်သေပြနေပါတယ်။ ဒီနေ့ပွဲမှာ သူဟာ အကောင်းဆုံးကစားသမားဆိုတာ လူတိုင်းသိမြင်နိုင်ပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အိုလ်ဇေးအပါအ၀င် အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်ထားတဲ့ ဆန်းချက်လည်း ယခုပွဲမှာ ခြေစွမ်းပြ ကစားခဲ့ပြီး ၆၈ မိနစ်မှာ ဂီရော့ဒ်က လည်းကောင်း၊၆၉ မိနစ်မှာ ဆန်းချက်ကလည်းကောင်း၊၇၂ မိနစ်မှာ အိုလ်ဇေးကလည်းကောင်း၊၈၇ မိနစ်မှာ ဂီရော့ဒ်ကပင်လည်းကောင်း အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ယူအသင်းနဲ့ အရေးပါတဲ့ ပွဲစဉ်အတွက် ယခုပွဲအနိုင်ရလဒ်ဟာ စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တယ်လို့လည်း အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ အိုလ်ဇေးက ရရှိခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video