AD
AD
AD

အီတီဟတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ တောင်ပံကစားသမား စတားလင်းရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ မန်စီးတီးအသင်း က ဆောက်သမ်တန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ၄၇ မိနစ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဆောက်သမ်တန်အသင်းက ၇၅ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်လည် သွင်းယူလိုက်တာကြောင့် မန်စီးတီး အနည်းငယ်အခက်တွေ့ခဲ့ပြီး အနိုင်ရရှိရေး အားစိုက်ကစားခဲ့ရာ ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို ၅ မိနစ်တွင် တောင်ပံ ကစားသမား စတားလင်းက လှလှပပ အဝေးကန်ချက်နဲ့ ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ထဲကို ကန်သွင်းရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ဂိုးကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ စံချိန်ကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုပွဲအနိုင်ဂိုးအပေါ် အလွန်အကျူးအောင်ပွဲခံခဲ့တာနဲ့ပက်သက်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာက-" ကျွန်တော်တောင်းပန်ပါတယ်။ကိုယ့်ကိုယ် ကို မထိန်းနိုင်ခဲ့လို့ပါ။ကျွန်တော်လည်း နောက်ဆုံးမိနစ်မှာ ဂိုးရလိုက်တော့ ပရိသတ်တွေနည်းတူ ကစားသမားတွေနည်းတူ အရမ်းကိုပျော်ခဲ့လို့ပါ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂိုးသွင်းအပြီးအောင်ပွဲခံပြီး ကွင်းကိုပတ်ပြေးခဲ့တဲ့ စတားလင်းကို လိုက်လံ ဂုဏ်ပြုနိုင်ဖို့ လိုက်ဖမ်းခဲ့တဲ့ ဘင်ဂျမင်မန်ဒီကိုလည်း-"ဒီကောင် တော်တော် ရူးတဲ့ကောင်းပဲ။ဒီကောင် ဘယ်လောက်ပျော်တယ်ဆိုတာ ကျွန်တော် မပြောတတ်တော့ပါဘူး။သေချာတာက ဒီကောင် ဒဏ်ရာကြောင့် ၆ လလောက် အနားယူနေရတာ အခု ဂိုးသွင်းသွားတာ စတားလင်းကို လိုက်ဖမ်းတာ သူအရင်မိတယ်။"လို့ ဂွါဒီယိုလာက ရယ်မောလျက် ထပ်မံပြောခဲ့ပါတယ်။

ယခုပွဲအနိုင်ရလိုက်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာမှ မန်ယူအသင်းကို ၈ မှတ်ကွာအနေအထား နဲ့ ဆက်လက်ရပ်တည်နေနိုင်ဆဲ ဖြစ်ပါတယ်။

လာမယ့် တစ်ပတ်မှာတော့ အဲဗာတန်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ၀က်စ်ဟမ်းအသင်းကို ထပ်မံ ဧည့်ခံကစားရမှာလည်း ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD