ရလဒ်တွေဆိုးရွားနေလို့ နည်းပြ ဆမ်အလာဒိုက်ကို နည်းပြသစ်အဖြစ် ခန့်အပ်တော့မယ့် အဲဗာတန်အသင်းဟာ ယနေ့ နံနက်မှာ ကစားခဲ့တဲ့ ၀က်စ်ဟမ်းနဲ့ပွဲမှာတော့ ၄-၀ ဂိုးနဲ့ ခြေစွမ်းပြ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရလဒ်ပိုင်းဆိုးရွားမှုကြောင့် နည်းပြ ရော်နယ်ကိုးလ်မန်းနဲ့ လမ်းခွဲပြီး ယူ-၂၃ အသင်းမှ နည်းပြ အပ်ဝေါ့ကို ယာယီခန့်အပ်ထားချိန်မှာလည်း ရလဒ် ပိုင်း တိုးတက်မလာတာကြောင့် လာမယ့် တစ်ပတ်မှာ ၀ါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ဆမ်အလာဒိုက်ကို ခန့်အပ်တော့မယ် အဲဗာတန်အသင်းအနေနဲ့ တာဝန်ယူချိန် ပြီးဆုံးတော့မယ့် အပ်ဝေါ့ရဲ့ နောက်ဆုံးပွဲလို့ ယူဆရမယ့် ယခုပွဲကို အထူးခြေစွမ်းပြ ကစားကာ အိမ်ကွင်းမှာ နှုတ်ဆက်သူကိုလည်း ပြုံပျော်စေခဲ့သလို ရောက်လာသူကိုလည်း ခရီးဦးကြိုနေခဲ့ပါတော့မယ်။

play

 

ယနေ့ ပွဲစဉ်မှာ မန်ယူကစားသမားဟောင်း ၀ိန်းရွန်နီရဲ့ ခြေစွမ်းပြဂိုးသွင်းယူမှုနဲ့အတူ အဲဗာတန်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁၈ မိနစ် ၂၈ မိနစ်နဲ့ ၆၆ မိနစ်တို့မှာ တိုက်စစ်မှူး ရွန်နီက တစ်ဦးတည်း ၃ ဂိုး (ဟက်ထရစ်)သွင်းယူပေးခဲ့ပါတယ်။ တတိယမြောက်ဂိုးမှာ ၀က်စ်ဟမ်း ဂိုးသမား ဂျိုးဟတ်အလွန်အကျွံတက်လာတာကိုအခွင့်ကောင်းယူပြီး ပါးပါးနပ်နပ် အဝေးကန်ချက်နဲ့ ရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဝက်စ်ဟမ်းအသင်းအနေနဲ့ ယခုပွဲမှာ ချေပဂိုးတစ်ဂိုးပြန်ရဖို့ အခွင့်အရေး ရှိခဲ့ပေမယ့်လည်း လန်ဇီနီ ပင်နယ်တီ ၀င်အောင်မကန်သွင်းနိုင်ခဲ့သလို ၇၈ မိနစ်မှာ နောက်ခံလူ ၀ီလီယံက ထပ်မံ သွင်းယူခဲ့တာကြောင့် ပွဲအပြီး အဲဗာတန်အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ယူကာ ဆောက်သမ်တန်အသင်း ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲကို ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားဆုကိုတော့ ဟက်ထရစ်သွင်းယူခဲ့တဲ့ ၀ိန်းရွန်နီက ရရှိခဲ့ပြီး အဲဗာတန်အသင်းလည်း တန်းဆင်းဇုန်က လွတ်မြောက်လာခဲ့ပြီး အဆင့် ၁၃ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

လာမယ့်တစ်ပတ်မှာတော့ အာဆင်နယ်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်းကို ထပ်မံ ဧည့်ခံကစားရမှာ ဖြစ်ပြီး နည်းပြ ဆမ်အလာဒိုက်ရဲ့ ပထမဆုံး ပွဲဦးထွက်ပွဲ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ကိုးလ်မန်းအထွက် ယာယီကိုင်တွယ်ပေးခဲ့တဲ့ ယူ-၂၃ နည်းပြ အပ်ဝေါ့ဟာလည်း ယူ ၂၃ အသင်းကို ပြန်လည် တာဝန်ယူတော့ မှာ ဖြစ်ပြီး ၎င်းတာဝန်ယူချိန်တွင် အဲဗာတန်အသင်းဟာ ၂ ပွဲနိုင် တစ်ပွဲသရေနဲ့ ၅ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video