AD
AD
AD

ယနေ့ နံနက်ပိုင်းက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ တွင် အသင်းကြီးများဖြစ်တဲ့ ချဲလ်ဆီး၊လီဗာပူးအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါ တယ်။

play

 

ချဲလ်ဆီးအသင်းအနေနဲ့ နောက်ခံလူ ရူဒီဂါရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိကာ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ လီဗာပူး အသင်းအနေနဲ့ စတုတ်အသင်းကို မာနေး ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

ပွဲကြပ်ကာလမှာ ချဲလ်ဆီးအသင်းအနေနဲ့ အဓိက ကစားသမား ဟာဇက်ကိုအနားပေးထားတာကြောင့်လည်း တိုက်စစ်ပိုင်းအနည်းငယ် အားနည်း ခဲ့တာဖြစ်သလို လီဗာပူးအသင်းမှာလည်း ဆာလာကို ဒုတိယပိုင်းမှသာ ထည့်သွင်း ကစားစေခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ကျဉ်းမြောင်းတဲ့ နိုင်ပွဲအပေါ် -" ဒီနေ့ ပွဲမှာ ကျွန်တော် အမှားလုပ်မိခဲ့ပါတယ်။ကစားသမားတွေအနေနဲ့လည်း ပင်ပင်ပန်းပန်း ကစားခဲ့ရတာကို စိတ်မကောင်းဖြစ်မိပါတယ်။အနိုင ၃ မှတ်ယူပေးလို့လည်း ကျေးဇူးတင်ပါတယ်။" လို့ ကွန်တီက ပြောခဲ့ပါတယ်။

ယခုပွဲအနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို လီဗာပူးအသင်းအနေနဲ့လည်း အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

လာမယ့် တစ်ပတ်မှာလည်း ချဲလ်ဆီးအသင်းအနေနဲ့နယူးကာဆယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ ဘရိုက်တန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD