AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်မှာ အဲဗာတန်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဝိန်းရူနီက တစ်ဦးတည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး တတိယမြောက်သွင်းဂိုးအဖြစ် သွင်းယူခဲ့တဲ့ဂိုးဟာ ယခုရာသီအတွက် အကောင်းဆုံးဂိုး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒုတိယပိုင်း ၆၆ မိနစ်မှာ ဝက်စ်ဟမ်းအသင်းရဲ့ဂိုးသမား ဂျိုးဟတ်ရှင်းထုတ်လိုက်တဲ့ဘောလုံးကို ကွင်းလယ်စက်ဝိုင်းကနေ ဝိန်းရူနီ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးထဲကို လှလှပပ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

play

 

“ဒီဂိုးက အ​ကောင်းဆုံးဂိုးတစ်​ဂိုး မဟုတ်​ရင်​တောင်မှ ကျွန်တော့် ကစားသမားဘဝရဲ့​​​အ​ကောင်းဆုံးဂိုး​တွေထဲက တစ်​ဂိုးဖြစ်​​ပါတယ်​။ ကစားသမားဘဝ သက်တမ်းတစ်လျှောက်မှာ ဒီလိုသွင်းဂိုးမျိုး အများကြီးတော့ မရှိပါဘူး။ အဲ​ဗာတန်​အသင်းအတွက်​ ပထမဦးဆုံးဟက်​ထရစ်​ကို သွင်းယူပေးနိုင်​ခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်​” လို့​ပြောကြားသွားခဲ့ပါတယ်။

Source & Photos: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD