AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ လာမယ့် စနေနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး လာကာဇက် ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

play

 

တိုက်စစ်မှူး လာကာဇက်ဟာ ပြီးခဲ့တဲ့ ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ဟက်ဒါစ်ဖီးလ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲလှယ်ခဲ့ရတာဖြစ်ပါတယ်။

play

 

အာစင်ဝင်းဂါးဟာ လာမယ့်စနေနေ့ညမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ဖြစ်တဲ့ နည်းပြ မော်ရင်ဟိုနဲ့ပတ်သက်ပြီးတော့ ဘာမှ စကားစစ်ထိုးချင်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ မေလက မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းအမ်းမရိတ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဟာ မော်ရင်ဟိုနဲ့ ဆုံတွေ့ခဲ့တဲ့ ၁၃ ကြိမ်မှာ ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Postby

 

အာဆင်နယ်အသင်းဟာ ယခုရာသီစတင်ချိန်ကတည်းက အမ်းမရိတ်ကွင်းမှာ ပြိုင်ပွဲစုံ တစ်ပွဲမှ ရှုံးနိမ့်ထားခြင်းမရှိသေးဘဲ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယခုရာသီမှာ အဝေးကွင်း ရှုံးပွဲ ၃ ပွဲအထိ ရှိထားတဲ့အသင်းဖြစ်ပါတယ်။

"ကျွန်တော့်အနေနဲ့ အထူးအထွေတော့ ဘာမှမမျှော်လင့်ထားပါဘူး"

"မန်ချက်စတာယူနိုက်တက်အသင်းဟာ တောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ သူတို့ ကျွန်တော်ပေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲ မျှော်လင့်ထားပါတယ်"

 

"သူတို့က အန္တရာယ်ရှိတဲ့ အသင်းပါ။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အဲဒီလိုအသင်းမျိုးကို အနိုင်ယူနိုင်ဖို့ဆိုရင်တော့ ခင်ဗျားအသင်းက အကောင်းဆုံးဖြစ်နေဖို့လိုပါတယ်"

"ကျွန်တော့်အနေနဲ့ အသင်းကို ပိုပြီးကောင်းမွန်လာအောင် ပြင်ဆင်ဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်အသင်းအနိုင်ရဖို့ အခွင့်အရေးကောင်းတွေ ပေးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD