AD
AD
AD

ဟတ်ဒါဖီးလ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ အာဆင်နယ်အသင်းမှ ဂျာမန်ကစားသမား မီဆွတ်အိုလ် ဇေးမှာ စံချိန်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ စံချိန်ကတော့ ၄ မိနစ်အတွင်းသွင်းယူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ သွင်းဂိုး ၃ ဂိုးမှာ ပါဝင်နိုင်ခဲ့တာပါပဲ။

play

 

အိုလ်ဇေးအနေနဲ့ ပွဲကစားချိန် ၆၇ မိနစ်မှာ ဂီရော့ဒ်ဂိုးသွင်းယူနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့သလို၊တစ်ဆက်တည်း ၆၉ မိနစ်မှာ ဆန်းချက် ဂိုးသွင်းယူနိုင်ဖို့ ထပ်မံ ဖန်တီးပေးနိုင်ခဲ့သလို ၇၁ မိနစ်အရောက်မှာတော့ သူကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီလိုမျိုး ၄ မိနစ်အတွင်း ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းမှာ သွင်းဂိုး ၃ ဂိုးစလုံးကို ရရှိအောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ စံချိန်ကို အိုလ်ဇေးအနေနဲ့ ပထမဆုံး တင်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလ်ဇေးအနေနဲ့ လာမယ့် ဇန်န၀ါရီမှာ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ ပွဲစဉ် တွေမှာ အဓိက ကစားသမားအဖြစ် ပါဝင်ကစားနေပြီး ခြေစွမ်းပြ ကစားပေးနေနိုင်ဆဲ ဖြစ်ကာ အာစင်ဝင်းဂါးကလည်း မရောင်းချနိုင်ဖို့ မျှော်လင့် နေတာကြောင့် အပြောင်းအရွှေ့မှာ ဖြစ်လာမလားဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ နံနက် ၀၀း၀၀ အချိန်တွင် မန်ယူအသင်းကို အိမ်ကွင်း အီးမရိတ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD