AD
AD
AD

မန်ယူအသင်းနည်းပြမော်ရင်ဟိုက နွေရာသီမှာ အသင်းကထွက်ခွာဖို့ သေချာနေတဲ့ ကွင်းလယ်လူ ဖယ်လိုင်နီနေရာမှာ အစားထိုးနိုင်ဖို့အတွက် ကစားသမားတစ်ယောက်ကို ရှာတွေ့ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ကစားသမားကတော့ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းရဲ့ ကစားသမားသမားလေး ဘိုင်ယန် ခရစ္စတင်းပဲ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ အီတလီစီးရီးအေ ကလပ် အတ္တလန္တာအသင်းကို အငှားနဲ့ရောက်ရှိနေပြီး စီးရီးအေမှာ ခြေစွမ်းပြကာ အသင်းအတွက် ၁၈ ပွဲကစားပေး အပြီး ၈ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကွင်းလယ်ကစားသမားလည်း ဖြစ်ပါတယ်။

အဆိုပါ ကစားသမားကို မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ ထွက်ခွာတော့မယ့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဖယ်လိုင်နီနေရာမှ အစားထိုးဖို့ ခေါ်ယူ မှာ ဖြစ်တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားတာကို တွေ့ရပါတယ်။

လက်ရှိမှာ မန်ယူခေါ်ယူချင်နေတဲ့ ခရစ္စတင်းကို အင်တာမီလန်၊ဂျူဗင်တပ်နဲ့ တီကိုတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အတ္တလန္တာအသင်းရဲ့ ပေါင် ၃၁ သန်း သတ်မှတ်ထားချက်အရ မန်ယူက ခေါ်ယူနိုင်ဖို့ များနေတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD