AD
AD
AD

ဆွမ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲပထမပိုင်းအပြီး အ၀တ်လဲခန်းအတွင်း ချဲလ်ဆီး နောက်ခံလူ ရူဒီဂါ တစ်ယောက် ခြေထောက်မှာ ဒဏ်ရာ ဆိုးဆိုးရွား ရွားရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ရူဒီဂါအနေနဲ့ ဆွမ်ဆီးနဲ့ပွဲမှာ အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ရူဒီဂါအတွက် စိတ်ပျက်စရာအခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပါတယ်။  ဘယ်ဖက်ခြေစထောက် ရဲ့ ခြေဖမိုး မှာ ပေါက်ပြဲဒဏ်ရာပုံစံမျိုးရရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာကြောင့် ရူဒီဂါမှာ ၎င်းရဲ့ ဖိနပ်ကို အပေါက်ပုံစံမျိုးဖောက်ကာ ပွဲကိုဆက်လက်ကစားခဲ့ရာတာကြောင့် ၎င်းအတွက် သေချာပေါက် ဖိနပ်အသစ်လိုအပ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ရူဒီဂါမှာ အဆိုပါ ပွဲစဉ်ကို နေက်ခံလူ အက်ပလီကျူတာ မပါဝင်နိုင်ခဲ့လို့ ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ကာ ၎င်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး နည်းပြ ကွန်တီက-" ကျွန်တော့်ကစားသမားတွေ ဘယ်တော့မှ အရည်အချင်းနိမ့်မကျခဲ့ပါဘူး။သူတို့အရမ်းကို ပါးနပ်စွာ ကစားခဲ့ကြပါတယ်။ အနိုင်သေ ချာရမယ့် ပွဲကို အနိုင်ရရှိအောင် ကစားဖို့ လိုပါတယ်။ရူဒီဂါရဲ့ သွင်းဂိုးကတော့ ချဲလ်ဆီးအသင်းမှာ အားလုံးဂိုးသွင်းစွမ်းရည်ရှိတယ်ဆိုတာ ပြလိုက် သလိုပါပဲ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ယင်းပွဲအနိုင်ရခဲ့တာကြောင့် အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့သလို လာမယ့် တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ စတင်ကစားရမှာလည်း ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD