AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံကစားသမား လုခ်ရှောကို လာမယ့် ဇန်နဝါရီလမှာ ပေါင်သန်း ၂၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

play

 

လုခ်ရှောဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ယင်းအချိန်က နောက်ခံကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၁.၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

လုခ်ရှောဟာ ဆောက်သမ်တန်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြ လူးဝစ်ဗန်ဟား ကိုင်တွယ်ခဲ့တဲ့ ရာသီအစပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး တိုက်စစ်အထိ လျင်လျင်မြန်မြန်နဲ့ လိုက်ပါကစားနိုင်တာကြောင့် ပရိသတ်တွေရဲ့အားပေးခြင်းကို ခံခဲ့ရပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ PSV အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ နောက်ခံကစားသမား ဟတ်တာမိုရီနိုရဲ့ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကြောင့် ခြေထောက်ကျိုးခဲ့ပြီး ကာလရှည် အနားယူခဲ့ရပါတယ်။

play

ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက်ပိုင်း လုခ်ရှောရဲ့ ကြံ့ခိုင်မှုဟာ အကောင်းဆုံးပုံစံမှာ မရှိနေတော့ဘဲ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရသလို ဒဏ်ရာတွေလည်း ထပ်မံရရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြမော်ရင်ဟို ပြောင်းရွှေ့လာချိန်မှာတော့ လုခ်ရှောအနေနဲ့ အခုထက် ပိုပြီး ခြေစွမ်းတိုးတက်လာဖို့ လိုအပ်နေသေးတယ်လို့ မော်ရင်ဟိုကပြောကြားခဲ့ပြီး လူစာရင်းမှာ ထည့်သွင်းအသုံးမပြုခဲ့တာကို တွေ့ရပါတယ်။

Postby

 

လုခ်ရှောကို လာမယ့်ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်အသင်းကြီးအချို့ ခေါ်ယူဖို့ စောင့်ကြည့်နေပြီး နယူးကာဆယ်အသင်းက ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လုခ်ရှောကတော့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိမယ့် အသင်းကိုသာ ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD