အာဆင်နယ်အသင်းဟာ ၀က်စ်ဘရွန်းအသင်းရဲ့အဓိက နောက်ခံလူ ဂျွန်နီအီဗန်ကို ခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်နေပြီလို့ သတင်းတွေက ဖော်ပြ နေကြပါတယ်။

play

 

အာဆင်နယ်အသင်းအနေနဲ့ အီဗန်ကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာတော့ ပယ်ချခံခဲ့ရပေမယ့်လည်း ယခုအခါ ထပ်မံကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။

play

 

အီဗန်အနေနဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လကျန်ရှိနေသေးပြီး မန်စီးတီးအသင်ကလည်းခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အာစင်ဝင်းဂါးအနေနဲ့ အီဗန်ကို အသင်းမှ ရာသီအကုန်မှာ အနားယူတော့မယ့် ဂျာမနီလက်ရွေးစင်ဟောင်း မာတီဆက်ကာနေရာမှာ အစားထိုး ချင်နေတာကြောင့် ခေါ်ယူချင်တာ ဖြစ်မယ်လို့ ဥရောပ သတင်းဌာနတွေက သုံးသပ်နေကြပါတယ်။

အီဗန်ကိုခေါ်ယူချင်နေကြတဲ့ သတင်းတွေနဲ့ ပက်သက်ပြီး ၀က်စ်ဘရွန်း နည်းပြသစ် ပါဂျူးက-"သူကအသင်းအတွက် အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ကလပ်အသင်းတွေဟာ ဇန်န၀ါရီမှာ ကစားသမားတွေလက်လွှတ်ရတတ်ပါတယ်။ဒါကြောင့် ပြန်အစားထိုးနိုင်ဖို့ တော့ လိုပါလိမ့်မယ်။" လို့ပြောခဲ့ပါတယ်။

အီဗန်မှာ မန်ယူလူငယ်အသင်းမှ ထွန်းတောက်လာတဲ့ ကစားသမားဖြစ်ပြီး မန်ယူအသင်းမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ကာ ၂၀၁၅ မှာတော့ ၀က်စ်ဘရွန်းအသင်းကို အငှားနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video