AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ယခုရာသီမှာ ဂိုးဖန်တီးမှုလည်း ၂ ကြိမ် ပြုလုပ်ထားပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ခြေစွမ်းကျဆင်းသွားခြင်းမရှိဘဲ အကောင်းဆုံးပုံစံကို ပြသနေနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Postby

 

အက်ရှ်လေယန်းဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး တရုတ်စူပါလိဂ်အသင်းတစ်သင်းက တစ်ပတ်လုပ်ခလစာ ပေါင် ၂၃၀၀၀၀ နဲ့ ကမ်းလှမ်းခဲ့တာကို အက်ရှ်လေယန်းက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ လာမယ့်ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အက်ရှ်လေယန်းကို ခေါ်ယူနိုင်မှာဖြစ်တဲ့အတွက် စပိန်လာလီဂါအသင်းအချို့နဲ့ အီတလီစီးရီးအေအသင်းအချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနေတဲ့ အက်ရှ်လေယန်းကို လက်လွှတ်မခံချင်တာကြောင့် တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ အရေးတကြီး ပြင်ဆင်နေတာဖြစ်ပါတယ်။

 

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD