play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ငယ်စဉ်က အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အွန်နရီရဲ့ ကစားပုံကို အလွန်စွဲလန်းနှစ်ခြိုက်မိတဲ့အတွက် အာဆင်နယ်အသင်းရဲ့ပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

"အဲဒီတုန်းက အာဆင်နယ်အသင်းမှာက ပြင်သစ်ကစားသမားတွေ အများကြီးပါဝင်ကစားနေတယ်။ ပြင်သစ်မှာဆို အာဆင်နယ်အသင်းက နာမည်ကြီးအသင်းပဲ။ ကျွန်တော်လည်း အာဆင်နယ်အသင်းရဲ့ပရိသတ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက အွန်နရီကြောင့်ပါ။ သူကစားတာကို ကျွန်တော် အမြဲတမ်းစောင့်ကြည့်ခဲ့ရတယ်။ အာဆင်နယ်အသင်းကို အရူးအမူးအားပေးတဲ့ပရိသတ်မဟုတ်ပေမယ့် အာဆင်နယ်ပွဲတော်တော်များများ ကျွန်တော်ကြည့်ခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းက အသင်းကောင်းတစ်သင်းဖြစ်နေလို့ပါ"လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

Postby

 

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အစဉ်အလာပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီး ယနေ့ည ၁၂ နာရီမှာ ထိပ်တိုက် ယှဉ်ပြိုင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့အချိန်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို အာဆင်နယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူထားပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video