AD
AD
AD
play

 

လီဗာပူးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုကို ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းက ၃ ကြိမ်တိတိ ကမ်းလှမ်းခဲ့ပြီး လီဗာပူးအသင်းက ရောင်းချဖို့ ငြင်းပယ်ခဲ့ပါတယ်။ ကော်တင်ဟိုအနေနဲ့ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်မဝင်စားဘဲ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကော်တင်ဟိုကို အသင်းကနေ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် အပြောင်းအရွှေ့ဈေးကွက် ပိတ်ခါနီးမှာ ပေါင် ၁၂၇ သန်းရရှိမယ်ဆိုရင် ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ကော်တင်ဟိုကို ဘာစီလိုနာအသင်းက လာမယ့်ဇန်နဝါရီလမှာ ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတာကို နည်းပြ ယာဂန်ကလော့ပ်က အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။

"ပြောင်းရွှေ့ကြေး ပြောလေ။ အဲဒါဆို စိတ်ဝင်စားစရာပဲ။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြောစရာဘာမှကို မရှိပါဘူး။ ကော်တင်ဟိုက ကျွန်တော်တို့အတွက် မရှိမဖြစ် အရေးကြီးတဲ့ကစားသမားတစ်ယောက် ဖြစ်နေတုန်းပဲ"

"အခု ကျွန်တော်တို့ သူ့အကြောင်း တွေးနေတာကို ရပ်လိုက်ကြရင် မကောင်းဘူးလား။ ဘာကြောင့်လဲဆိုတော့ သူ့အကြောင်းတွေက စပိန်သတင်းစာတွေထဲမှာ ဒီထက်ပိုပြီး ဇာတ်လမ်းတွေ အများကြီး ပါနေလို့လေ"လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ယာဂန်ကလော့ပ်ဟာ ကော်တင်ဟိုကို လာမယ့် ဇန်နဝါရီလမှာ အသင်းကနေ ရောင်းချဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ကစားသမားသစ်သာ ခေါ်ယူဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"အခုအချိန်မှာတော့ ကျွန်တော် အဲဒါကို အဖြေမပေးနိုင်သေးဘူး။ အများကြီး ဖြစ်ပျက်သွားနိုင်ပါတယ်"

"ကစားသမား တစ်ယောက်၊ နှစ်ယောက်လောက်က ကျွန်တော့်ကို လာပြီး အသင်းပြောင်းရွှေ့ချင်တယ်လို့ လာပြောကောင်း ပြောလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့အနေနဲ့ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချရမှာပေါ့"

"ကျွန်တော်တို့မှာလည်းပဲ တစ်ခုခုလုပ်ဖို့အတွက် အခွင့်အရေးရှိနေပါသေးတယ်(ကစားသမားသစ်ခေါ်ယူဖို့)။အဲဒါပြီးမှပဲ အဲဒီအကြောင်း စဉ်းစားတာပေါ့"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD