play

 

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ မိုရာတာကို အထောင်ထားပြီး နောက်ချန်တိုက်စစ်အနေနဲ့ ဟာဇက်ကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ ချယ်ဆီးအသင်း ကစားကွက်ပုံဖော်ဖို့ ကြိုးစားနေချိန်မှာ နယူးကာဆယ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၂ မိနစ်မှာ ဒွိုက်ဂေးလ်က နယူးကာဆယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ အိမ်ကွင်းမှာ အဖွင့်ဂိုးပေးခဲ့ရတဲ့အတွက် တိုက်စစ်ကို အရှိန်မြှင့်ကစားခဲ့ပြီး ၂၁ မိနစ်မှာ အီဒင်ဟာဇက်က ချယ်ဆီးအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

play

ချေပဂိုး ရရှိခဲ့ပြီးနောက်ပိုင်းမှာလည်း ချယ်ဆီးအသင်းကသာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး တိုက်စစ်ဆင်ကစားခဲ့ရာ ၃၃ မိနစ်မှာ ဗစ်တာမော့ဆက်စ်ရဲ့ပေးပို့မှုကနေတစ်ဆင့် မိုရာတာက ခေါင်းတိုက်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် သူ့ရဲ့ ၁၀ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း ချယ်ဆီးအသင်းကပဲ တစ်ကွင်းလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံရရှိဖို့ ကြိုးစားခဲ့ရာ ၇၄ မိနစ်မှာ ဗစ်တာမော့ဆက်စ်ကို ပင်နယ်တီဧရိယာထဲမှာ မတ်ရစ်ချီက ကြမ်းကြမ်းတမ်းတမ်း လျှောထိုးဖြတ်ထုတ်ခဲ့ရာ ကွင်းလယ်ဒိုင်က ချယ်ဆီးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ယင်းပင်နယ်တီကို အီဒင်ဟာဇက်ကပဲ အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့ပြီး ချယ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video