play

 

ယနေ့ည ၁၂ နာရီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမယ့် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ စိတ်ဝင်စားစရာ အချက်အလက်တွေ အပြည့်ရှိနေတာကို တွေ့ရပါတယ်။

 

တွေ့ဆုံမှု

play

လိဂ်ဒီဗီးရှင်းဝမ်းကနေ ပရီးမီးယားလိဂ်လို့ ပြောင်းလဲခေါ်တွင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ စတင်ပြီး ရေတွက်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ ၂၅ ကြိမ်အထိ တွေ့ဆုံထားခဲ့ပါတယ်။ ယင်းတွေ့ဆုံမှုမှာ အာဆင်နယ်အသင်းက ၁၀ ကြိမ်နိုင်၊ ၈ ပွဲသရေ၊ ၇ ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Postby

 

အစဉ်အလာအရ ကြည့်ရမယ်ဆိုရင် အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အနိုင်ရလေ့ရှိတာကို တွေ့ရပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ရာခိုင်နှုန်းမနည်းတာကို တွေ့ရပါတယ်။

 

ထူးခြားချက်

play

အာဆင်နယ်အသင်းဟာ ၁၉၉၁ ခုနှစ် မေလ နောက်ပိုင်းကနေစပြီး မန်ချက်စတာယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ၃ ကြိမ်ဆက်တိုက် အနိုင်ရဖူးခြင်းမရှိသေးပါဘူး။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်နောက်ပိုင်း စနေနေ့ညနေ အိမ်ကွင်းမှာ ကစားရတဲ့ နောက်ဆုံး ၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ချယ်ဆီးအသင်းကို ကိုင်တွယ်စဉ်က လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အသင်းကြီး ၆ သင်း(မန်ယူအပါအဝင်)နဲ့ နောက်ဆုံးကစားထားတဲ့ အဝေးကွင်း ၁၁ ပွဲမှာ တစ်ပွဲမှ အနိုင်ရရှိခဲ့ဖူးခြင်း မရှိသေးပါဘူး။

 

ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ

play

မန်ချက်စတာယူနိုက်တက်အသင်းက လက်ရှိအချိန် ၁၄ ပွဲကစားပြီးချိန်မှာ ၃၂ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီးတော့ အာဆင်နယ်အသင်းကလည်း ၁၄ ပွဲကစားပြီး ၂၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ယနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နစ်နာစရာ အချက် ၃ ချက်ရှိနေပါတယ်။ ပထမဆုံးအချက်ကတော့ ရှုံးပွဲကို ကြုံတွေ့ရမှာဖြစ်လို့ လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ တတိယနေရာက လိုက်လံဖိအားပေးနေတဲ့ ချယ်ဆီးအသင်းနဲ့ အမှတ်တူညီသွားမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ နယူးကာဆယ်ကို အနိုင်ရရှိပြီးဖြစ်တာကြောင့် ၁၅ ပွဲကစားပြီး ၃၂ မှတ်နဲ့ မန်ယူနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟသွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းဟာ ၁၄ ပွဲကစားပြီး ရမှတ် ၄၀ နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၀ မိနစ်မှာ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အနိုင်ရရှိဖို့က ကျိန်းသေနေတာကြောင့် အာဆင်နယ်အသင်းကိုသာ ရှုံးနိမ့်ခဲ့ရင် ၁၁ မှတ်အထိ ကွာဟသွားနိုင်ပြီး သရေရလဒ်ရယူနိုင်ခဲ့ရင်တော့ ၁၀ မှတ်သာ ကွာဟမှာဖြစ်ပါတယ်။

Photos: SkySport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video