AD
AD
AD
play

 

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရိုက်တန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ ကော်တင်ဟို၊ ဖာမီနို၊ မိုဟာမက်ဆာလာတို့နဲ့ပွဲထွက်လာခဲ့ပြီး ပထမပိုင်း စတင်ချိန်ကတည်းက ဘရိုက်တန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ မိနစ် ၃၀ မှာ ကော်တင်ဟိုရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် အမ်မရီချန်က အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ၃၂ မိနစ်မှာ ကော်တင်ဟိုရဲ့ဖန်တီးပေးပို့မှုကနေပဲ ဖာမီနို လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း လီဗာပူးအသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားခဲ့ပြီး ၄၈ မိနစ်မှာ မိုဟာမက်ဆာလာရဲ့ ပေးပို့မှုကနေတစ်ဆင့် ဖာမီနိုက လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး သုံးဂိုး ခွင့်ပြုခဲ့ရတဲ့ ဘရိုက်တန်အသင်းဟာ ချေပဂိုးပြန်လည်ရယူဖို့ ကြိုးစားခဲ့ပြီး ၅၁ မိနစ်မှာ လီဗာပူးအသင်းရဲ့ကွင်းလယ်ကစားသမား ဟန်ဒါဆင်က ဘရိုက်တန်အသင်းရဲ့ကစားသမားရှိန်းဒပ်ဖီကို တွန်းထိုးခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဘရိုက်တန်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဂလန်းမာရေးက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Postby

 

လီဗာပူးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ၈၇ မိနစ်မှာ ကော်တင်ဟိုက သွင်းယူပေးခဲ့ပြီး ၈၉ မိနစ်မှာ ကော်တင်ဟိုရဲ့ကန်သွင်းချက်ကို ကာကွယ်ဖို့ကြိုးစားရင်း ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမား လူးဝစ်ဒမ့်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် လီဗာပူးအသင်းက ပဉ္စမမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပြီး ၅ ဂိုး ၁ ဂိုးနဲ့ ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

 

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD