play

 

စနေနေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယနေ့ပွဲစဉ်မှာ တိုက်စစ်မှာ လူကာကူကို အထောင်ပြီး မာရှယ်၊ လင်ဂတ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၄ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ဖန်တီးပေးပို့မှုကနေ ဗလင်စီယာက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ၁၁ မိနစ်မှာ မာရှယ်ရဲ့ပေးပို့မှုကနေ လင်ဂတ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းဟာ ချေပဂိုးပြန်လည်ရရှိနိုင်ဖို့အတွက် တိုက်စစ်ဆင်ကစားခဲ့ပြီး ၄၉ မိနစ်မှာ လာကာဇက်က လူကျွံထောင်ချောက်ကနေ လွတ်ထွက်ပြီး ရမ်ဆေးချပေးလိုက်တဲ့ဘောလုံးကို ဒီဂီယာနဲ့တစ်ယောက်ချင်း ကန်သွင်းယူပြီး အာဆင်နယ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူဖို့ ကြိုးစားကစားခဲ့ပြီး ၆၃ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ အကွက်မြင်မြင်ဖန်တီးပေးပို့မှုကနေ လင်ဂတ် အသာအယာပဲ ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၇၄ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမား ဘယ်လာရင်နဲ့ ဘောလုံးယှဉ်လုရာမှာ ခြေထောက်ကို တက်နင်းသလိုဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၁ ယောက်လျော့သွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို စိတ်ကြိုက်တိုက်စစ်ဆင်ခဲ့ပြီး ၇၇ မိနစ်မှာ ကိုလာစီနက်ကို ထုတ်ပြီး တိုက်စစ်မှူး အိုလီဗီယာဂီရော့ဒ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးရှေ့မှာ အကြိမ်ကြိမ်တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒီဂီယာရဲ့ အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်မှုကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video