AD
AD
AD

အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ လက်စွမ်းပြကာကွယ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကာကွယ်နိုင်မှု အများဆုံးစံချိန်တစ်ခုကို လိုက်မီသွားခဲ့ပါတယ်။

play

 

အာဆင်နယ်ကို မန်ယူအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒီဂီယာက အသင်းအတွက် ဂိုးပေါက်ကာကွယ်မှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ပွဲစဉ် ဒုတိယပိုင်းမှာ အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ လာကာဇက်တို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဒီဂီယာက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၂၇ နှစ်အရွယ် ဂိုးသမား ဒီဂီယာက တစ်ပွဲတည်းမှာ ၁၄ ကြိမ်အထိ ဂိုးပေါက်ကာကွယ်မှုလုပ်နိုင်ခဲ့လို့ နယူးကာဆယ်ဂိုးသမားဟောင်း တင်ခရူးလ်၊ ဆန်းဒါးလန်း ဂိုးသမားဟောင်း မာနိုနေးတို့နဲ့အတူ စံချိန်တူသွားခဲ့တာဖြစ်ပါတယ်။ တင်ခရူးလ်က ၂၀၁၃ ခုနှစ် စပါးနဲ့ နယူးကာဆယ်ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၁၄  ကြိမ်ပြုလုပ်ခဲ့တာပါ။ မာနိုနေးကတော့ ၂၀၁၄ ခုနှစ်ချယ်လ်ဆီးနဲ့ ပွဲမှာ ဒီစံချိန်ကို ရခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဘက်က ပေါ့ဂ်ဘာ ဒုတိယပိုင်းမှာအနီကတ်နဲ့ အထုတ်ခံခဲ့ရပေမယ့် ဒီဂီယာလက်စွမ်းပြမှုကြောင့် အနိုင်ရလဒ်ရရှိရာမှာ အရေးပါခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD