play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို ဒေါသဖြစ်မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမားတွေ အမှားများခဲ့ပြီး ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၁၅ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ အပိုင်ကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် ဂိုးသမား ဒီဂီယာက ၁၄ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

Postby

 

အာစင်ဝင်းဂါးက သူ့အနေနဲ့ ယခုရလဒ်ကို လက်ခံဖို့အတွက် အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီရလဒ်ဟာ ကျွန်တော်တို့ကို ဒေါသဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်သာ ကစားသမားဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကစားခဲ့တာကို ပြန်စဉ်းစားမယ်။ ကျွန်တော်တို့ နိုင်ဖို့အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် ရှုံးသွားခဲ့တယ်။ အဲဒါက လက်မခံနိုင်စရာပဲ"

"ဒီဂီယာက အရမ်းကို ထူးချွန်တဲ့ ဂိုးသမားတစ်ယောက်ပါ။ အဲဒါကို ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒီဂီယာရှိနေပေမယ့် ဂိုးသွင်းနိုင်တဲ့ အခြေအနေ ရခဲ့ပါတယ်"

"ကျွန်တော် အကောင်းဘက်ကပဲ မြင်ပါတယ်။ ကစားသမားတွေအတွက် ဝမ်းနည်းမိပါတယ်။ ဒါကြောင့် ကျွန်တော် ဒေါသဖြစ်မိတာပါ။ အထူးသဖြင့် စွမ်းဆောင်ရည်အရ အကောင်းဆုံးအရည်အသွေးတွေ ပြသနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့်ပါ"လို့ ပြောကြားခဲ့ပါတယ်။

play

အာဆင်နယ်အသင်းရဲ့နောက်ခံကစားသမားတွေ အမှားအယွင်းတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး အာစင်ဝင်းဂါးက အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

"ဒီမှာ ကျွန်တော် ဒီနေရာမှာရှိနေတာ လူတွေကို အပြစ်တင်ဖို့မဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်းအပြစ်မတင်ဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ အမြဲတမ်း အပြစ်တင်ပါတယ်"လို့ ပြောကြားသွားခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video