play

 

ချယ်ဆီးအသင်းရဲ့ဂန္တဝင်ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ဟာ သူ့အနေနဲ့ ချယ်ဆီးကနေ မထွက်ခွာချင်ခဲ့ဘဲ ဖာဘရီဂတ်စ်ကြောင့် ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

၂၀၁၄ ခုနှစ် ဇွန်လမှာ ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာခဲ့တဲ့ ဖရန့်လမ်းပတ်ဟာ ချယ်ဆီးအသင်းတာဝန်ရှိသူတွေက ဘာစီလိုနာအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဖာဘရီဂတ်စ်နဲ့လမ်းပတ်တို့ရဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးကြောင့် အဆင်မပြေမှာစိုးရိမ်ခဲ့ကြပြီး စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ မကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Postby

 

လမ်းပတ်ဟာ အမေရိကန်မေဂျာလိဂ်ကို သွားရောက်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးမှ ပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ တစ်ရာသီကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ နယူးယောက်စီးတီးအသင်းကို ပြောင်းရွှေ့ကစားပြီး ၂၀၁၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

play

 

BT Sports နဲ့ အင်တာဗျူးမှာ ဖရန့်လမ်းပတ်က "ကျွန်တော်တို့ နှစ်ယောက်ဘယ်တော့မှ အတူတူမကစားနိုင်ပါဘူး။ ဖာဘရီဂတ်စ် ရောက်လာတဲ့အတွက် ကျွန်တော့်ကို သူတို့အသင်းကနေ ထွက်ခွာစေခဲ့တာပါ"

"ကျွန်တော်နဲ့ ဖာဘရီဂတ်စ်က ဘယ်တုန်းကမှ ကွင်းထဲမှာ ကောင်းမွန်တဲ့ဆက်ဆံရေး မရှိခဲ့ပါဘူး။ အဲဒါကြောင့် သူတို့က ကျွန်တော်တို့ နှစ်ယောက်အဝတ်လဲခန်းထဲမှာ အတူတူ ရှိနေနိုင်မယ်လို့ မထင်ခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video