AD
AD
AD

ယခုအပတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ရဲ့ရလဒ်တွေ အားလုံးထွက်ပေါ်ခဲ့ပြီဖြစ်သလို သက်ဆိုင်ရာအသင်းအတွက် မိမိနေရာမှာ အကောင်းဆုံးကစားပေးနိုင်ခဲ့တဲ့ ကစားသမား ၁၁ ယောက်လည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

ဒေးဗစ်ဒီဂီယာ(မန်ချက်စတာယူနိုက်တက်)

စနေနေ့ည ၁၂ နာရီမှာ အာဆင်နယ်အသင်းနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားကို ပြပါဆိုရင် မန်ယူအသင်းရဲ့ဂိုးသမား ဒီဂီယာကိုသာ ပြရမှာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ ဒီဂီယာက ဂိုးပေါက်ကာကွယ်မှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့အတွက် ယခုအပတ်ရဲ့အကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်းမှာ ဂိုးသမားနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

play

 

ကိုင်လီဝေါ်ကာ(မန်ချက်စတာစီးတီး)

မန်ချက်စတာစီးတီးအသင်းရဲ့ညာနောက်ခံကစားသမား ဝေါ်ကာဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်အထိ အကောင်းဆုံး လိုက်ပါကစားနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှု ၅ ကြိမ်ကို ဖေဘီယံဒဲ့ပ်နဲ့တွဲဖက်ပြုလုပ်နိုင်ခဲ့တဲ့အတွက် ညာနောက်ခံနေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ရိုင်ယန်ရှောခရော့စ်(စတုတ်စီးတီး)

ရှောခရော့စ်ဟာ ဆွမ်ဆီးစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဆွမ်ဆီးစီးတီးအသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပြီး ၁၂ ကြိမ်အထိ ရှင်းထုတ်မှုပြုလုပ်နိုင်ခဲ့တဲ့အတွက် ဗဟိုနောက်ခံလူနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

play

 

အက်ရှ်လေဝီလီယံ(အဲဗာတန်)

ဟက်ဒါစ်ဖီးလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပွဲစဉ်မှာ ဟက်ဒါစ်ဖီးလ်အသင်းကို ဂိုးမပေးခဲ့ရတဲ့အကြောင်းပြချက်ဟာ ဝီလီယံလို့တောင် ပြောရလောက်တဲ့ ဖျက်ထုတ်ရှင်းလင်းမှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ဗဟိုနောက်ခံကစားသမားဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်းမှာ ဗဟိုနောက်ခံလူနေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ရိုင်ယန်ဘာ့ထရန်(ဆောက်သမ်တန်)

ဘုန်းမောက်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းရဲ့ဘယ်နောက်ခံကစားသမား ဘာ့ထရန်ဟာ ဂိုးသွင်းယူဖို့ အခွင့်အရေး ၃ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ ယင်းပွဲစဉ်မှာ အခြားကစားသမားတွေအားလုံးထက်ပိုပြီး အခွင့်အရေးဖန်တီးနိုင်ခဲ့တာဖြစ်လို့ ဘယ်နောက်ခံလူနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

play

 

ကယ်ဗင်ဒီဘရိုင်း(မန်ချက်စတာစီးတီး)

ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီဘရိုင်းအနေနဲ့ အသင်းအတွက် လိုအပ်တဲ့နောက်ကျအနိုင်ဂိုးကို ဖန်တီးပေးခဲ့ပြီး အခြားမန်စီးတီးကစားသမားတွေအားလုံးထက် ဘောလုံးပေးပို့မှု ပိုများခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်နေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ဒေးဗစ်ဆေးလ်ဗား(မန်ချက်စတာစီးတီး)

ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ဒုတိယနေရာက မန်ယူကို ၈ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ဖို့အတွက် အရေးကြီးတဲ့သွင်းဂိုးကို ၈၃ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်နေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ဖိလစ်ကော်တင်ဟို(လီဗာပူး)

ဘရိုက်တန်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ခဲ့တဲ့ ကော်တင်ဟိုဟာ အကောင်းဆုံးကစားသမား ၁၁ ယောက်စာရင်းမှာ ကွင်းလယ်နေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

play

 

ဂျက်စီလင်ဂတ်(မန်ချက်စတာယူနိုက်တက်)

အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းက ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်ခဲ့တဲ့ ၄ ကြိမ်မှာ လင်ဂတ်က ၃ ကြိမ်ပြုလုပ်ခဲ့တာာဖြစ်ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကွင်းလယ်တိုက်စစ်နေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

ရောဘတ်တိုဖာမီနို(လီဗာပူး)

ဘရိုက်တန်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဖာမီနိုဟာ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၂ ကြိမ်စလုံး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်မှူးနေရာအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

အီဒင်ဟာဇက်(ချယ်ဆီး)

နယူးကာဆယ်ကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်မှူးနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ှSource & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD