play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းပြ ကာကွယ်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် လက်စွမ်းရှိကြောင်း ပြသခဲ့တဲ့ ဒီဂီယာကို တတိယအကောင်းဆုံးဂိုးသမားပါလို့ ပြောကြားခဲ့ပါတယ်။

play

 

ဒေးဗစ်ဒီဂီယာဟာ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး လာကာဇက်ရဲ့ အနီးကပ်ကန်သွင်းချက်တစ်လုံးတည်းကိုသာ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပြီး နောက်ထပ် အာဆင်နယ်အသင်းရဲ့ဂိုးကန်သွင်းမှုအားလုံးကို အံ့အားသင့်လောက်တဲ့လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ လက်စွမ်းကြောင့် ဘောလုံးကျွမ်းကျင်သူ၊ သတင်းထောက်တွေနဲ့ ဘောလုံးသမားဟောင်းတွေက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားထဲက တစ်ဦးလို့ ဂုဏ်ပြုခဲ့ကြပေမယ့် မော်ရင်ဟိုကတော့ ဒီဂီယာကို အထူးတလည်ချီးကျူးခဲ့ခြင်းမရှိပါဘူး။

play

 

"ကျွန်တော့်ဂိုးသမားက ကမ္ဘာပေါ်မှာ အမြဲတမ်း အကောင်းဆုံးဂိုးသမားဖြစ်နေမှာပါ။ အခု ဒီဂီယာက တတိယအကောင်းဆုံးပါ"လို့ နောက်ပြောင်ခဲ့ပါတယ်။

play

 

"ရိုမီရိုက ပထမအကောင်းဆုံး၊ ဂျိုရယ်ပါရဲရားက ဒုတိယအကောင်းဆုံးဂိုးသမားဖြစ်ပြီးတော့ ဒီဂီယာက တတိယအကောင်းဆုံးပါ"လို့ အရွှန်းဖောက်ခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video