မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ ဆယ်ကျော်သက်ကစားသမားဖြစ်တဲ့ အယ်လိုထရာအိုရေးကို ခေါ်ယူခဲ့ပါတယ်။ ထရာအိုရေးဟာ လူငယ်ကစားသမားဘ၀ကို PSG အသင်းမှာ ဖြတ်သန်းခဲ့ဖူးပြီး ပြီးခဲ့တဲ့ စနေနေ့က မန်ချက်စတာယူနိုက်တက် ယူ-၁၈ အသင်းက ၀ုဖ်အသင်းကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

play

 

ပြင်သစ်ယူ-၁၇ အသင်းရဲ့ ကစားသမားလည်းဖြစ်တဲ့ ထရာအိုရေးဟာ မန်ချက်စတာယူနိုက်တက်အသင်းကြီးအတွက် အဓိကထား ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ သိရပါတယ်။

“ထရာအိုရေးဟာ ကျွန်တော်တို့ သေချာစောင့်ကြည့်ရွေးချယ်ထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ တစ်နေရာကနေ တစ်တစ်နေရာကို လျင်လျင်မြန်မြန်နဲ့ ရွှေ့ပြောင်းကစားနိုင်တဲ့ ကစားသမားမျိုးပါ။ နည်းစနစ်ပိုင်းကို ကျေညက်ပြီး အချိန်နဲ့အမျှ တိုးတက်လာနေတဲ့ ကစားသမားတစ်ဦးပါ။ အင်္ဂလိပ်ဘာသာစကားလည်းတိုးတက်လာပြီး အသင်းနဲ့ အထိုင်ကျဖို့ ကြိုးစားနေပါတယ်”လို့ မန်ယူ ယူ-၁၈ အသင်းရဲ့ နည်းပြကီရန်မက်ကင်နာက ပြောကြားခဲ့ပါတယ်။

Postby

 

ထရာအိုရေးဟာ လာမယ့်ဇန်နဝါရီလမှာ အသက် ၁၇ နှစ်ပြည့်မြောက်မှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် FA ရဲ့လူငယ်ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိတော့မှာဖြစ်ပါတယ်။

 

Source & Photos: Manchester United

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video