play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်အတွက် မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာဆီကို စကားလုံးထိုးစစ်စတင်လိုက်ပြီဖြစ်ပါတယ်။

play

 

စီအက်စ်ကေအေမော်စကို အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး သတင်းထောက်တွေက မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမား အခြေအနေတွေကို မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက ယခုလိုပဲ ပြောကြားခဲ့ပါတယ်။

” ခင်ဗျားတို့က ဒဏ်ရာပြဿနာအကြောင်းကို မေးတာဆိုတော့ သတင်းအမှန်ကို သိချင်တာလား၊ ဘာကိုသိချင်တာလဲ။ ဘိုင်လီကတော့ ဒီတစ်ပတ်မှာပါဝင်ဖို့ မဖြစ်နိုင်သေးဘူး။ ဖီးလ်ဂျုံးနဲ့ ဖယ်လိုင်နီက ကစားနိုင်တဲ့ အခြေအနေရှိပါတယ်။ ဇလာတန်ကတော့ ပိုပြီးတော့တောင် ကစားပေးဖို့ အဆင်သင့်ရှိနေသေးတယ်။ မာတစ်က ဒဏ်ရာပြဿနာ နည်းနည်းရှိနေပေမယ့် သေချာပေါက် ကစားပေးလိမ့်မယ်။ ခုပြောသွားတာတွေအားလုံးက အမှန်တွေချည်းပဲ။ ကျွန်တော်က အရှိကို အရှိအတိုင်းပဲ အမှန်ပြောတတ်တယ်။ လာကာဇက်တို့၊ ဆေးဗားတို့လို ပုံပြင်မဟုတ်ပါဘူး။ အားလုံးက အမှန်အကန်တွေချည်းပဲ"

play

 

"ကျနော်တို့နဲ့ ကစားတော့မယ်ဆိုရင် အသင်းတွေက ဒဏ်ရာပြဿနာတွေရှိတယ်သာ ပြောပြောနေကြတာ။ ပြီးတော့ တကယ်တမ်း ပွဲစပြီဆိုရင် အဲဒီကစားသမားတွေက ကွင်းထဲကို အဆင်သင့်ရောက်နှင့်နေပြီ။ ကျွန်တော်ကတော့ အသင်းမှာ ပြဿနာရှိရင် ရှိတယ်၊ ဒဏ်ရာရ ကစားသမားရှိရင် ရှိတယ်ပဲ ပြောတတ်တယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ကိုပြောရင်လဲ အမှန်တွေပဲ ပြောမှာပါ"လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ှSource & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video