AD
AD
AD
play

 

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ စပါးတပ်မော်စကိုအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အပြတ်အသတ်အောင်ပွဲခံနိုင်ခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအတွက် ကော်တင်ဟိုက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး မာနေး၊ ဆာလာ၊ ဖာမီနိုတို့ကလည်း အသီးသီး ဂိုးတွေသွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ၆ ပွဲကစားပြီး ၃ ပွဲနိုင် ၃ ပွဲသရေရလဒ်နဲ့ ၁၂ မှတ်ရရှိခဲ့တဲ့အတွက် အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်း ၁၉၉၈ ခုနှစ်က တင်ထားခဲ့တဲ့ စံချိန်တစ်ခုကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ သွင်းဂိုး စုစုပေါင်း ၂၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အင်္ဂလန်အသင်းအဖြစ် စံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ စပါးတပ်မော်စကိုအသင်းကို ၇ ဂိုးပြတ် သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၂၃ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD