EPL: အင်္ဂလန်အသင်းတွေ ရှုံးထွက်အဆင့်မှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ အသင်းများ

မဲနှိုက်ရွေးချယ်မှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွေကတော့ ယနေ့နံနက်မှာပဲ အားလုံး ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရလဒ်တွေအားလုံးထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ ၁၆ သင်း ရှုံးထွက်ပွဲစဉ်အတွက် မဲနှိုက်ရွေးချယ်မှုတွေ မစတင်မီမှာ ကိုယ်အားပေးတဲ့အသင်းတွေ ဘယ်အသင်းနဲ့ ဆုံတွေ့မလဲဆိုတာ အားလုံးလည်း သိချင်နေကြမယ် ထင်ပါတယ်။

play

 

၁၆ သင်းအဆင့်အတွက် မဲနှိုက်ရွေးချယ်မှုကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်တွေကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၄ ရက်နေ့တွေနဲ့ ၂၀ ရက်၊ ၂၁ ရက်နေ့တွေမှာ ကစားသမားမှာဖြစ်ပါတယ်။ ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၆ ရက်နဲ့ ၇ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေ့မှာ ကစားသွားမှာဖြစ်ပါတယ်။

play

 

အင်္ဂလန်အသင်းတွေအနေနဲ့ အင်္ဂလန်အသင်းအချင်းချင်း ဆုံတွေ့ဖို့မရှိဘဲ အခြား စပိန်၊ ဂျာမနီ၊ အီတလီအသင်းတွေနဲ့ တွေ့ဆုံဖို့ ရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆုံတွေ့ဖွယ်ရှိနေတဲ့အသင်းကတော့ ရီးရဲလ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်၊ ဆီဗီလာ၊ ပေါ်တို၊ ရှက်တာဒိုးနတ် စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းကတော့ ရီးရဲလ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်၊ ဆီဗီလာ၊ ပေါ်တို၊ ဘေဆယ် စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

play

 

လီဗာပူးအသင်းကတော့ ရီးရဲလ်၊ ဂျူဗင်တပ်၊ ဘိုင်ယန်၊ ရှက်တာဒိုးနတ်၊ ပေါ်တို၊ ဘေဆယ် စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဆီဗီလာ၊ ဂျူဗင်တပ်၊ ဘိုင်ယန်၊ ရှက်တာဒိုးနတ်၊ ပေါ်တို၊ ဘေဆယ် စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

play

 

ချယ်ဆီးအသင်းကတော့ ဘီဆစ်ခ်တက်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ စတဲ့အသင်းတွေထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံဖွယ်ရှိနေပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ