EPL: အာပိုလွန်အသင်းနဲ့ယှဉ်ပြိုင်ရမယ့်ပွဲစဉ်ကို လွဲချော်မယ့် အဲဗာတန်နည်းပြ ဆမ်အလာဒိုက်စ်

ကျန်းမာရေးအတွက် ဆေးစစ်မှုပြုလုပ်ရမှာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့နည်းပြ ဆမ်အလာဒိုက်စ်ဟာ အဲဗာတန်အသင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ စတင်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်အထိ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

play

 

အဲဗာတန်အသင်းဟာ ယနေ့ညမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အာပိုလွန်လီမာဆိုးအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယင်းပွဲစဉ်ကို အဲဗာတန်အသင်းရဲ့နည်းပြ ဆမ်အလာဒိုက်စ်အနေနဲ့ လိုက်ပါနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

play

 

ယနေ့ညပွဲစဉ်မှာ အဲဗာတန်အသင်းကို ခရိတ်ရှိတ်စပီးယားနဲ့ ဒန်ကန်ဖာဂူဆန်တို့က တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

"ဆမ်ကတော့ ဒီသောကြာနေ့လောက်ဆို လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာမှာပါ"

"ကျန်းမာရေးကိစ္စနဲ့ချိန်းထားတာလေးရှိနေလို့ မလိုက်ပါနိုင်တာပါ။ ဘာမှ သိပ်ကြီးကြီးမားမားဖြစ်တာမဟုတ်ပါဘူး"

"ဒီပွဲကစားနေစဉ်အတွင်းမှာ ဆမ်နဲ့ အဆက်အသွယ်လုပ်ပြီး သူဘယ်လို လုပ်ချင်တယ်ဆိုတာကို သူက ညွှန်ကြားတဲ့အတိုင်း လုပ်သွားမှာပါ"လို့ ခရိတ်ရှိတ်စပီးယားက ပြောကြားခဲ့ပါတယ်။

Postby

 

အဲဗာတန်အသင်းဟာ အုပ်စု E ရဲ့အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ၅ ပွဲကစားပြီးချိန်မှာ ၁ မှတ်သာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးသား ဖြစ်ပါတယ်။

 

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ