play

 

ချယ်ဆီးအသင်းရဲ့တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းအတွက် ၈ နှစ်ကြာကစားပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူပေးပြီး အသင်းကနေ ထွက်ခွာခဲ့တဲ့ ဒရော့ဘာရဲ့ခြေရာအတိုင်း လိုက်နင်းဖို့ စဉ်းစားနေပြီဖြစ်ပါတယ်။

play

 

ဟာဇက်ဟာ နည်းပြဇီဒန်းရဲ့လက်အောက်မှာ ကစားချင်တယ်လို့ ဝန်ခံခဲ့ပြီး ချယ်ဆီးအသင်းမှာ နေရတာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ချယ်ဆီးအသင်းမှာ ဘာကြောင့်ရှိနေသေးတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ခုလိုမျိုး ရှင်းပြခဲ့ပါတယ်။

"ကျွန်တော်က အမြဲတမ်း အဲဒီလိုပဲဖြစ်တတ်တယ်။ အခုအချိန်မှာ အရာအားလုံးက ကောင်းမွန်နေပေမယ့် ခင်ဗျားကသာ တစ်ခုခု ပြောင်းလဲလိုက်မယ်ဆိုရင် ချက်ချင်းမကောင်းတော့ဘူးဖြစ်သွားတတ်တယ်"

"တကယ်လို့ ခင်ဗျားက ခင်ဗျားအလုပ်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့မယ်၊ ခင်ဗျားရဲ့ ဘော့စ်ကလည်း အရမ်းကောင်းမယ်ဆိုရင် ခင်ဗျား အသင်း ပြောင်းမှာလား။ ခင်ဗျား ဘာလုပ်ဖို့ ပြောင်းမှာလဲ။ အရာအားလုံး ကောင်းမွန်နေရင် ခင်ဗျားလည်း ဘာမှ ပြောင်းလဲစရာမလိုတော့ဘူးလေ။ ဟုတ်တယ်မလား"

"ဒါ့အပြင် ခင်ဗျားက အသင်းမှာရှိသမျှ လူတွေအားလုံးနဲ့သိနေမယ်။ ခင်ဗျားကလည်း အားလုံးနဲ့ ကောင်းကောင်းမွန်မွန်ပဲ။ ကျွန်တော် လိုင်လီမှာတုန်းက အဲဒီလိုဖြစ်ခဲ့တာပဲ။ အားလုံးနဲ့ ကျွန်တော် သိနေတယ်။ အဲဒါ အရမ်းကို အံ့သြစရာကောင်းတယ်"

"ဒါပေမယ့် ကျွန်တော် ပြောင်းလဲသင့်ပြီလို့ ခံစားလာရတဲ့အခါကျတော့ ထွက်ခွာခဲ့တယ်။ အခု ချယ်ဆီးကို ရောက်လာခဲ့တယ်။ အဲဒါက တူညီတဲ့အရာတစ်ခုပါ"

"ခုက ချယ်ဆီးအသင်းမှာ ကျွန်တော့်ရဲ့ ၆ နှစ်မြောက်ပါ။ ကျွန်တော့်မိသားစုတွေလည်း ဒီမှာ ကျွန်တော်နဲ့အတူရှိနေကြပါတယ်။ ကျွန်တော့်မိန်းမနဲ့ ကလေးတွေလည်း အရမ်းကို ပျော်ရွှင်နေကြတယ်။ ကျွန်တော်ကလည်း ဘယ်လ်ဂျီယံနဲ့ အရမ်းဝေးတဲ့နေရာမှာမဟုတ်နေတော့ သူတို့တွေ မကြာခဏ သွားလိုက်ပြန်လိုက် လုပ်နိုင်ပါတယ်။ ကျွန်တော်က အခု ကြီးမားတဲ့အသင်းတစ်သင်းမှာ ရှိနေတာပါ"

"ချယ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား မယူပေးဘဲနဲ့ မထွက်သွားသင့်ဘူးဟုတ်လား။ ချန်ပီယံလိဂ်ဖလားကို ရဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ဘယ်တော့မှလည်း မရနိုင်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်"

play

 

ချန်ပီယံလိဂ်ဖလားကို ရယူပေးပြီး အသင်းကနေ ထွက်ခွာသွားတဲ့ ဒရော့ဘာလို လုပ်ချင်တာလားလို့ မေးခဲ့တဲ့အခါ "ဟုတ်တာပေါ့။ ဒရော့ဘာလုပ်ခဲ့သလိုမျိုး ချန်ပီယံလိဂ်ဖလား ရယူပေးပြီးတာနဲ့အသင်းကနေ ထွက်ခွာသွားတာမျိုး လုပ်ချင်ပါတယ်။ အဲဒီလို လုပ်နိုင်ခဲ့ရင် အရမ်း ကောင်းမှာပါ။ အဲဒါက ကျွန်တော့်အတွက် လှပတဲ့အဆုံးသတ်တစ်ခုဖြစ်လာနိုင်ပါတယ်"

"လိုင်လီမှာတုန်းကလည်း ဟက်ထရစ်သွင်းယူပေးပြီး ချယ်ဆီးကို ထွက်ခွာလာခဲ့တာဆိုတော့ အဆုံးသတ်က လှခဲ့တယ်လေ"

"တကယ်လို့သာ ချန်ပီယံလိဂ်ဖလားကို မရယူပေးနိုင်ခဲ့ရင် အဲဒါက ကျွန်တော့်ရဲ့ဘဝဇာတ်လမ်းပဲ။ ဒါပေမယ့် ဘယ်လိုနည်းမျိုးနဲ့မဆို ချန်ပီယံလိဂ်ဖလားရဖို့ ရသမျှနည်းအားလုံးနဲ့ ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video