play

 

လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒီဂီယာက မန်ချက်စတာစီးတီးအသင်းကို အကောင်းဆုံးပုံစံနဲ့ အနိုင်ကစားနိုင်မယ်လို့ ယုံကြည်နေကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"မန်ချက်စတာစီးတီးက ကျွန်တော်တို့ကို ရပ်တန့်နိုင်မယ်လို့ မထင်ပါဘူး။ ဒီပွဲဟာ ကျွန်တော်တို့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ပါ"

"ကျွန်တော်တို့အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၂ ပွဲမှာ အနိုင်ရလဒ်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်"

"ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ်ရော၊ အသင်းဖော်တွေအပေါ်မှာပါ ယုံကြည်မှုရှိပါတယ်"

"ကျွန်တော်တို့အသင်းဟာ တကယ့်ကို တောင့်တင်းပြီး ကြံ့ခိုင်မှုအပြည့် ရရှိနေပြီလို့ ခံစားရပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်ဟာ ခက်ခဲပြီး အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုတာ သိပါတယ်။ အဲဒါကြောင့် အဲဒီပွဲမှာ အနိုင်ရလဒ်ကို လိုချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒီဂီယာဟာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တုန်းက အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး ဂိုးကာကွယ်မှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source & Photos: Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video