play

 

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဂက်ဘရီရယ်ဂျီးဆပ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ဟာ ဘရာဇီးနဲ့ အာဂျင်တီးနားအသင်းတို့ တွေ့ဆုံရသလိုမျိုး ခံစားရစေတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဂက်ဘရီရယ်ဂျီးဆပ်ဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၁၃ ပွဲပါဝင်ကစားပေးထားပြီး ၇ ဂိုးသွင်းယူပေးထားတဲ့တိုက်စစ်မှူးဖြစ်ပြီး မန်ချက်စတာစီးတီအသင်းအတွက်လည်း ပြိုင်ပွဲစုံ ၂၃ ပွဲကစားပြီး ၁၅ ဂိုးအထိ သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ဂက်ဘရီရယ်ဂျီးဆပ်က မန်ယူအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့အတွက် မစောင့်ဆိုင်းနိုင်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းကို မြင်ရတာ မိမိတို့နိုင်ငံအသင်းရဲ့ပြိုင်ဘက် အာဂျင်တီးနားအသင်းကို မြင်ယောင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဘရာဇီးနဲ့ အာဂျင်တီးနားတို့က ကြီးမားတဲ့ ပြိုင်ဘက်တွေပါ။ ကျွန်တော်တို့ ခုပြောနေတာက နိုင်ငံအသင်း ၂ သင်းအကြောင်း၊ နိုင်ငံ ၂ နိုင်ငံအကြောင်းပါ"

"ခုကတော့ အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲစဉ်ပါ။ အရေးကြီးရတဲ့ အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။ ခု ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဟာ အမှတ်ပေးဇယားမှာ ကျွန်တော်တို့ နေရာအတွက် ယှဉ်ပြိုင်ရမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ဇယားထိပ်ဆုံးမှာ ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၈ မှတ်အသာနဲ့ ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး လာမယ့်ဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၅ မှတ်သာ ကွာဟတော့မှာဖြစ်သလို မန်ချက်စတာစီးတီးအသင်းကသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ၁၁ မှတ်ထိ ဖြတ်ထားနိုင်ပြီး ချန်ပီယံဖြစ်ဖို့ အလားအလာများသွားမှာဖြစ်ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video