AD
AD
AD
play

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာ ဒဏ်ရာရရှိခဲ့ပြီး ယနေ့ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

play

 

The Evening Standard သတင်းစာရဲ့ရေးသားချက်အရ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူးမိုရာတာဟာ ဝက်စ်ဟမ်းအသင်းနဲ့ယှဉ်ပြိုင်ဖို့ မသွားရောက်မီ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ရဲ့နောက်ဆုံးအချိန်မှာ ဒဏ်ရာကြောင့် လေ့ကျင့်မှုကို ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

မိုရာတာရဲ့ဒဏ်ရာအခြေအနေကို သိရှိနိုင်ဖို့အတွက် ချက်ချင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပြီး မိုရာတာဟာ ဝက်စ်ဟမ်းအသင်းနဲ့ယှဉ်ပြိုင်ဖို့ အသင်းသားတွေနဲ့အတူ တည်းခိုမယ့် ဟိုတယ်ကို သွားမယ့်ဘတ်စ်ကားပေါ် လိုက်ပါသွားပေမယ့် ချယ်ဆီးအသင်းအနေနဲ့ ထွက်ပေါ်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့နည်းပြ ကွန်တီကလည်း ပွဲမတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး မေးခွန်းတွေကို ဖြေဖို့ တုံ့ဆိုင်းနေခဲ့ပြီး ချယ်ဆီးအသင်းရဲ့မီဒီယာတာဝန်ရှိသူက မိုရာတာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မမေးမြန်းဖို့ တားဆီးခဲ့ပါတယ်။

"ကျွန်တော်တို့အနေနဲ့ အခြေအနေတွေအားလုံးကို စစ်ဆေးပြီးတော့ မနက်ဖြန်ပွဲစဉ်အတွက် အကောင်းဆုံးဆုံးဖြတ်ချက်ကို ချမှာပါ"

"ကျွန်တော် ရိုးရိုးသားသားပြောရရင် အခုအခြေအနေကို ဒီတိုင်းလေးပဲ ထားချင်ပါတယ်။ လျှို့ဝှက်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားကိုတော့ ကစားသမားတွေ ဘာဖြစ်နေတယ်ဆိုတာကိုတော့ မပြောပြချင်ဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

မိုရာတာဟာ လက်ရှိအချိန်အထိ ချယ်ဆီးအသင်းအတွက် ၉ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ကစားသမားဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD