AD
AD
AD
play

 

ယနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ ဒဏ်ရာရရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ မိုရာတာကို တိုက်စစ်မှာ အထောင်ထားပြီး အီဒင်ဟာဇက်ကို နောက်ချန်တိုက်စစ်မှူးနေရာမှာထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပွဲစပြီဆိုတာနဲ့ အပေးအယူပြုလုပ်ပြီး ကစားကွက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပြီး တိုက်စစ်ဆင်ခဲ့ရာ အာနာတိုဗစ်နဲ့ လန်ဇီနီတို့ အပေးအယူပြုလုပ်ပြီး ချယ်ဆီးအသင်းရဲ့ ဘီးကုပ်စက်ဝိုင်းထိပ်ကနေ အာနာတိုဗစ် အမှတ်မထင် ကန်သွင်းခဲ့ရာ ကော်တိုရစ်ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ၆ မိနစ်မှာပဲ ဝက်စ်ဟမ်းအသင်းက အဖွင့်ဂိုးကို စတင်ရရှိခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းဟာ မထင်မှတ်ထားတဲ့အချိန်မှာ အငိုက်မိသွားတာကြောင့် ကစားကွက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပုံဖော်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ဝက်စ်ဟမ်းအသင်းကို တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ကန်သွင်းယူရာမှာ လွဲချော်ခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

play

 

ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့နောက်ခံကစားသမားတွေနဲ့ ဂိုးသမားက အကောင်းဆုံးပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် ချယ်ဆီးအသင်းအနေနဲ့ ပွဲကစားချိန်ပြည့်ချိန်ထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိဘဲ ဝက်စ်ဟမ်းအသင်းရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD