AD
AD
AD
play

 

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ၂၁ မိနစ်မှာ ဆွန်ယောင်မင်း ဖြတ်တင်လိုက်တဲ့ဘောလုံးကို ဖျက်ထုတ်ဖို့ ကြိုးစားရင်း စတုတ်စီးတီးအသင်းရဲ့နောက်ခံကစားသမား ရှောခရော့စ် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိပြီး တော့တင်ဟမ်ဟော့စပါးအသင်းက အဖွင့်ဂိုးကို စတင်ရရှိခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ တော့တင်ဟမ်ဟော့စပါးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ၅၃ မိနစ်မှာ ဆွန်ယောင်မင်က ဒဲလ်အယ်လီရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ စတုတ်စီးတီးအသင်းဟာ ကွင်းလယ်မှာ ဘောလုံးပြန်တည်ပြီး ကစားကွက်ပုံဖော်ဖို့ ကြိုးစားခဲ့ပေမယ့် တန်ပြန်တိုက်စစ်ကနေ ၅၄ မိနစ်မှာ ဘန်ဒေးဗီးစ်ရဲ့ပေးပို့မှုကနေတစ်ဆင့် ဟယ်ရီကိန်းက တော့တင်ဟမ်ဟော့စပါးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။  ၆၅ မိနစ်မှာ ဟယ်ရီကိန်းက တော့တင်ဟမ်ဟော့စပါးအသင်းအတွက် စတုတ္ထမြောက်အနိုင်ဂိုးကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့ပါတယ်။

play

 

၇၄ မိနစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကွင်းလယ်ကစားသမား အဲရစ်ဆင်က ဆွန်ယောင်မင်ရဲ့ပေးပို့မှုကနေတစ်ဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပဉ္စမမြောက်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး မိနစ် ၈၀ မှာ ရှောခရော့စ်က ဖလက်ချာရဲ့ပေးပို့မှုကနေတစ်ဆင့် စတုတ်စီးတီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD