AD
AD
AD

ယနေ့ည ၁၁ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူအသင်းတိုက်စစ်မှူး လူကာကူအနေနဲ့ အဓိက အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖွယ်ရှိနေပြီး စောင့်ကြည့်သွားရမယ်လို့ မန်ယူအသင်းကစားသမားဟောင်း အိုဝင်ဟားဂရော့က သုံးသပ်ပြောခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ရာသီက မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံးကစားတဲ့ ၈ ပွဲမှာ ၇ ဂိုး အထိသွင်းယူပြီး အားလုံးရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“ဒီပွဲကတော့ အခြားပွဲစဉ်တွေထက်ကို စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ နှစ်သင်းစလုံး အင်ပြည့်အားပြည့် ကစား လာမယ်လို့လည်း ယုံကြည်နေပါတယ်။ဒါပေမယ့် ဒီပွဲမှာ မန်ယူအသင်းအနေနဲ့ ခံစစ်အသွင်ကို ဖျက်ပြီး လူကာကူကို ဘောလုံးပေးပို့ ကစားဖို့ လိုမယ်လို့တော့ ထင်ပါတယ်။” လို့ အိုဝင်ဟားဂရော့က သုံးသပ်ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ မန်စီးတီးနောက် ၈ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာကြောင့် ယခုပွဲမှာ ရှုံးနိမ့်ခဲ့ပါက ယခုနှစ်အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပြီးဆုံးဖို့ များသွားပြီဖြစ်သလို မန်စီးတီးအသင်းအတွက်တော့သရေ ရလဒ် ရယူနိုင်ခဲ့ပါက အကောင်းဆုံးရလဒ်လို့ ဆိုနိုင်မှာ ဖြစ်တယ်လို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD