ယနေ့ည ၁၁ နာရီမှာ ကစားမယ့် Super Sunday ရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကတော့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်ပေးမှာ မလွဲပါပဲ။

play

 

မန်ယူအသင်းအနေနဲ့ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲကို အဝေးကွင်းကစားခဲ့ရပြီး အဲ့ဒီပွဲတွေမှာ ၀က်ဖို့ဒ်အသင်းကို ၂-၄ ဂိုး အာဆင်နယ်အသင်းကို ၁-၃ တို့နဲ့ အနိုင်ယူထားနိုင်တာဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲကိုအိမ်ကွင်းမှာ ကစားခဲ့ရပြီး ဆောက်သမ်တန်နဲ့ ၀က်ဟမ်းတို့ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နှစ်သင်းစလုံး ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ ၄ ပွဲစီနိုင်ကာ ၁ ပွဲစီရှုံးနိမ့်ထားကြပါတယ်။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံးဝမရှိသေးပဲ ၁၄ပွဲနိုင် ၁ပွဲသရေရလဒ်ကိုပိုင်ဆိုင်ထားကာ မန်ယူအသင်းကတော့ ၁၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒီနှစ်သင်း နောက်ဆုံး ၃ ကြိမ် မန်ယူအသင်းမှာ တွေ့ဆုံထားရာမှာတော့ မန်ယူအသင်းက တစ်ပွဲနိုင် မန်စီးတီးအသင်းက တစ်ပွဲနိုင်ကာ တစ်ပွဲသရေကျထားပြန်ပါတယ်။

ထူးခြားချက်ကတော့ မန်ယူအသင်းအနေနဲ့ အိမ်ကွင်း ၇ပွဲစလုံး နိုင်ပွဲရယူထားနိုင်သလို မန်စီးတီးအသင်းကလည်း အဝေးကွင်း ၇ ပွဲစလုံး နိုင်ပွဲရယူထားနိုင်တာကြောင့် ဒီနေ့ဟာ သေချာပေါက် တစ်သင်းသင်းကတော့ စံချိန်ကျိုးတော့မှာလည်း  ဖြစ်ပါတယ်။

ယနေ့ပွဲစဉ်အတွက် မန်ယူအသင်းမှာအားထားရတဲ့ ကွင်းလယ်လူ ပေါ့ဘာ ပါဝင်နိုင်ခြင်း မရှိပဲ ဘိုင်လီ၊ကာရစ်၊ဖီးဂျုံး ဖယ်လိုင်နီတို့မှာလည်း ပါဝင်ဖို့ မသေချာဘူးလို့ သိထားရပါတယ်။

မန်စီးတီးအသင်းမှာတော့ ဂျွန်စတုန်း၊မန်ဒီ၊တို့ ပါဝင်မှာ မဟုတ်သလို အားထားရတဲ့ ဆေးလ်ဗားကတော့ ပါဝင်ဖို့ မသေချာဘူးလို့ သိထားရပါတယ်။

ယနေ့ ည ၁၁နာရီမှာ ကစားမယ့် အဆိုပါပွဲစဉ်မှာ မန်ယူအသင်းက အနိုင်ယူပြီး အမှတ်ကွာဟချက်ကို ကျဉ်းမြောင်းနိုင်မလား မန်စီးတီးအသင်းကပဲ အနိုင်ယူပြီး အမှတ်ဖြတ်ဦးဆောင်နိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video