တနင်္ဂနွေနေ့မှာ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆောက်သမ်တန်အသင်းနဲ့ အာဆင်နယ် အသင်းတို့ ပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

play

 

ပွဲအပြီးမှာတော့ သတိထားလေ့လာစရာအချက် (၅)ချက်ကို ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

play

 

ပထမဆုံးအချက်အနေနဲ့ မန်ယူ-မန်စီးတီး ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းမယူထားနိုင်ခဲ့ပဲ ၀က်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီး လိုပဲ အာဆင်နယ်အသင်းလည်း အတူတူပါပဲ။ကံကောင်းတာကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အရှုံး မဖြစ်ပေါ်ဖို့ ရှေင်လွှဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒါပေမယ့် ယခုပွဲသရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ တော်တော်လေး အလှမ်းဝေးခဲ့ရပြီဖြစ်သလို တစ်နည်းအားဖြင့် အဆင့် ၄ အတွင်း ၀င်နိုင် ပါ့မလားဆိုတာကလည်း မေးခွန်း ထုတ်ချင်စရာကောင်းလာပါပြီ။

ဒုတိယအချက်အနေနဲ့ သတိထားမိရမှာတော့ ဆောက်သမ်တန်တိုက်စစ်မှူး အော်စတင်ပဲ ဖြစ်ပါတယ်။ အော်စတင်အနေနဲ့ လက်ရှိမှာ အသင်းအတွက် ၈ ဂိုးအထိသွင်းယူပေးထားနိုင်ပြီဖြစ်ကာ ၎င်းရဲ့ သွင်းဂိုးတွေက ဆောက်သမ်တန် အသင်း အဆင့် ၁၀ အထိ ရောက်လာစေရာမှာ အရေးပါခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ထပ် မေးခွန်းထုတ်မေးစရာရှိတာကတော့ အာဆင်နယ်အသင်းရဲ့ နောက်တန်းပါပဲ။အာဆင်နယ်အသင်းအနေနဲ့ နောက်တန်း ၃ ယောက်ထားစနစ်ကိုအသုံးပြုခဲ့ပေမယ့်လည်း ၁၂၈ စက္ကန့်အကြာမှာ အော်စတင်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့လိုက်ရပြီး နောက်မှလိုက်ကစားကာ အဖိုးတန်တစ်မှတ်ကို ပြန်လည်လုယူခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ဆောက်သမ်တန် ကွင်းလယ်ကစားသမား တာဒစ်ရဲ့ ခြေစွမ်းနဲ့ တန်ဖိုးအပေါ် မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဆောက်သမ်တန်အသင်းအတွက် အဖိုးတန် ဦးဆောင်ဂိုးရရှိဖို့ ဖန်တီးပေးခဲ့သူဖြစ်သလို သူ့ရဲ့ ကစားအားနဲ့ အာဆင်နယ်အသင်းကို အဓိက ယှဉ်ပြိုင်ကစားခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ဒါကြောင့် ယနေ့ပွဲမှာ ခြေစွမ်းအနည်းငယ် ပျောက်ဆုံးခဲ့သလို ကစားခွင့်လည်း မသာခဲ့တဲ့ ဆန်းချက်ရဲ့ တန်ကြေးမှာ ပေါင် သန်း ၆၀ ခန့်ရှိတာကြောင့် တာဒစ်ရဲ့ ပြောင်းရွှေ့ကြေးကိုလည်း သတ်မှတ်ပေးဖို့ လိုမယ်လို့ ထင်ပါတယ်။

နောက်ဆုံး သတိထားမိရမှာကတော့ အင်္ဂလန်လက်ရွေးစင်ဟောင်း ၀ီးလ်ရှိုင်းယားနဲ့ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်တို့ရဲ့ ခြေစွမ်းပဲ ဖြစ်ပါတယ်။ ပွဲကစားချိန် ၆၈ မိနစ်မှာ ၀င်လာတဲ့ ဂျက်အနေနဲ့ အာဆင်နယ်အသင်းကို အကောင်းဆုံးမောင်နှင်ပေးခဲ့တာကိုတွေ့မြင်ခဲ့ရသလို နောက်ဆုံးအချိန်မှာလူစားလဲလာတဲ့ ဂီရော့ဒ်ကလည်း အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကိုသွင်းယူပေးခဲ့တာကြောင့်သူတို့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး ပွဲထွက်ကစားခွင့်နေရာအတွက် အာစင် ၀င်းဂါးတစ်ခုခုတော့ ဖြေရှင်းဖို့ လိုနေတာလည်းဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video