ယနေ့ည ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲနဲ့သာ ပြီးဆုံးခဲ့ပါ တယ်။

play

 

ပွဲကစားချိန် ၄၂ မိနစ်မှာ ဆာလာသွင်းယူတဲ့ ဂိုးနဲ့ လီဗာပူးအသင်း ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း အဲဗာတန်အသင်းက ၇၇ မိနစ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘောမှတဆင့် ချေပဂိုးပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒီဂိုးကတော့ ၀ိန်းရွန်နီရဲ့ ၁၃ နှစ်ကျော် မာဆေးဆိုဒ်ဒါဘီပွဲစဉ်တွေမှာ ပထမဆုံး သွင်းဂိုးဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယခုပွဲသရေကျခဲ့တာကြောင့် လီဗာပူးအသင်းအနေနဲ့ ချဲလ်ဆီး၊အာဆင်နယ်အသင်းတို့နည်းတူ မန်ချက်စတာဒါဘီ ထိပ်တိုက် တွေ့ဆုံနေမှုကို အခွင့်ကောင်းမယူနိုင်ခဲ့ပါဘူး။

ယနေ့ပွဲသရေကျခဲ့တာကြောင့် လီဗာပူးအသင်းအနေနဲ့ အဆင့် ၄မှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး အဆင့် ၃ မှ ချဲလ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၅ မှ အာဆင်နယ်အသင်းကို ၁မှတ်အသာနဲ့ ရပ်တည်ထားနိုင်ပါတယ်။

အဲဗာတန်အသင်းကတော့အဆင့် ၁၀နေရာကို ဆောက်သမ်တန်အသင်းထံမှ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video