play

 

တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းပွဲအပြီး ဥမင်လျှောက်လမ်းအတွင်းမှာ နှစ်ဖက်အသင်း ကစားသမားတွေ အချင်းများခဲ့ကြပြီး ဝန်ထမ်းတွေပါ ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ရုတ်ရုတ်သဲသဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယင်းဖြစ်စဉ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ဘယ်သူပစ်လိုက်မှန်း မသိတဲ့ ရေဗူးနဲ့ ခေါင်းကို ထိခိုက်မိခဲ့တယ်လို့ သိရပါတယ်။

play

"အောင်ပွဲခံတာကို ဘယ်လိုမှသဘောမထားပေမယ့် သူတို့အနေနဲ့ အလွန်အကျွံတွေလုပ်ခဲ့တယ်လို့ ယူဆပါတယ်"လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အမည်မဖော်လိုသူတစ်ဦးက ဒေးလီးမေးလ်သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ကစားသမားတွေဟာ ပွဲပြီးခရာမှုတ်ပြီးချိန်ကနေ အဝတ်လဲခန်းထဲထိ တစ်လမ်းလုံးအောင်ပွဲခံခဲ့ကြပြီး မန်ယူကစားသမားတွေကို ဒေါသဖြစ်စေခဲ့ပါတယ်။

play

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရှုံးနိမ့်မှုအတွက် Sky Sports ကို မော်ရင်ဟိုက "အဲဒီဖြစ်ရပ်က ပင်နယ်တီပေးကိုပေးရမယ့်ကိစ္စပါ။ ကျွန်တော်တို့အသင်းအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မိုက်ကယ်အိုလီဗာအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီပွဲမှာသူ့အနေနဲ့ အကောင်းဆုံးကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်ရပ်က ပင်နယ်တီပေးရမှာပါ"

"ဒီဖြစ်ရပ်မှာတော့ ကွင်းလယ်ဒိုင် အမှားတစ်ခုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ခုလိုမျိုး အခြေအနေမှာ ပင်နယ်တီမပေးခဲ့တာနဲ့ ခပ်ဆင်ဆင်ပါပဲ"

"ကွင်းလယ်ဒိုင်ဆိုတာကလည်း လူပဲလေ။ သူ့အနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တာပဲ။ ပွဲကောင်းတစ်ပွဲဖြစ်ဖို့အတွက် ဒီအမှားကို သူကျူးလွန်မိခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်"

"ဒီပွဲမှာ သူအမှားတစ်ခုပဲ ကျူးလွန်ခဲ့တာပါ။ အဲဒီအမှားတစ်ခုတည်းကပဲ ဆိုးရွားတဲ့ရလဒ်ဖြစ်စေခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video