AD
AD
AD
play

 

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူအသင်းကို ပေးရမယ့် ပင်နယ်တီကို ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ငြင်းဆန်ခဲ့ပါတယ်။ အဆိုပါ အခြေအနေတွင် လဲကျခဲ့တဲ့ မန်ယူကစားသမား အန်ဒါ ဟာရဲရားကို ဟန်ဆောင်လှဲချမှုနဲ့ အ၀ါကဒ် ထပ်မံပြသ သတိပေးခဲ့ခြင်းနဲ့ ပက်သက်ပြီး မန်ယူ နည်းပြ မော်ရင်ဟိုက အပြစ်တင်ပြောဆိုခဲ့ပါတယ်။

play

 

“ဒါက တစ်ကယ်ကိုရှင်းလင်းပြတ်သားစွာပေးသင့်တဲ့ ပင်နယ်တီပါပဲ။အားလုံးကိုကျွန်တော်တောင်းပန်ပါတယ်။ ဒါက တစ်ကယ်ပွဲကောင်းတစ်ပွဲလို့ ကျွန်တော်မြင်ပါတယ်။ဒါပေမယ့် ကွင်းလယ်ဒိုင်အနေနဲ့ အမှားလုပ်မိခဲ့တယ် လို့တော့ ကျွန်တော်ပြောချင်ပါတယ်။ဒီလိုမျိုး အလားတူ ဖြစ်စဉ်မျိုး မနှစ်ကတည်းက ကျွန်တော်တို့ ခံစားခဲ့ရပြီးပါ ပြီ။ မန်စီးတီးဂိုးသမား ဘရာဗို ၀ိန်းရွန်နီကို ဖြတ်ထုတ်ရာမှာလည်း ၀ိန်းရွန်နီကို ဟန်ဆောင်လှဲချခဲ့တယ်လို့ အထင် ခံခဲ့ရဖူးပါတယ်။ဒါကြောင့် ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင်အနေနဲ့ အကောင်းဆုံး တာဝန်ယူနိုင်ခဲ့ပေမယ့်လည်း ပင်နယ်တီ မပေးခဲ့ခြင်း အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရပါတယ်။” လို့ မော်ရင်ဟိုက ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်းမှာ အိမ်ကွင်းကစားရသော်လည်း ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်မှာလည်း မန်စီးတီးအသင်းက ၁၄ ကြိမ်အထိ ရရှိကာ အများဆုံး ကန်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ယခုပွဲရှုံးနိမ့်ခဲ့တာကြောင့် မန်ယူအသင်းအနေနဲ့ မန်စီးတီးနောက် ၁၁ မှတ်အထိ ကွာဟ သွားခဲ့ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အနည်းငယ် အလှမ်းဝေးခဲ့ပြီလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD