AD
AD
AD

အာဆင်နယ်အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်မှာ မနေ့က သရေကျခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲ မှာ နောက်ကျသွင်းဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

play
ဆောက်သမ်တန်အသင်းဖက်ကို ခေါင်းတိုက်ဂိုးသွင်းယူနေတဲ့ ဂီရော့ဒ်

 

ဂီရော့ဒ်မှာ အဆိုပါ ပွဲ၌ ပွဲကစားချိန် ၇၂ မိနစ်အရောက်မှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ခေါင်းတိုက်သွင်းဂိုးမှတဆင့် အာဆင်နယ်အသင်းကို သရေတစ်မှတ်ရစေခဲ့သူလည်း ဖြစ်ပါတယ်။

play
မန်ယူ ကစားသမာဟောင်း ဆိုးလ်ရှား

 

လက်ရှိမှာတော့ ဂီရော့ဒ်အနေနဲ့ လူစားဝင်ကစားခွင့်ရပြီးမှ သွင်းဂိုးသွင်းယူနိုင်မှု ၁၇ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး အဆိုပါ သွင်းဂိုးမှာ မန်ယူ ကစားသမားဟောင်းဆိုးလ်ရှားရဲ့စံချိန်နဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားမှာလည်း မန်ယူအသင်းနဲ့အတူ အရံကစားသမားအဖြစ်သာ ကစားခဲ့ရတာ ဖြစ်ပြီး ကစားခွင့်ရတဲ့ အချိန်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နာမည်ကြီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ ဂီရော့ဒ်အနေနဲ့ လူစားဝင်ကစားပြီးမှ သွင်းဂိုး ၄ ဂိုးအထိ ရယူထားနိုင်ပြီဖြစ်ပြီး ဆိုးလ်ရှားရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ဖို့အတွက်လည်း အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD