AD
AD
AD
play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့် ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့သာ ဆုံတွေ့ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲကို ယနေ့ည ဆွစ်ဇာလန်နိုင်ငံ နီယွန်မှာ ကျင်းပသွားမှာဖြစ်ပြီး စပါးဟာ ရီးရဲမက်ဒရစ်နဲ့ ဒေါ့မွန်တို့ကို ကျော်ဖြတ်ပြီး အုပ်စုပထမနဲ့ ၁၆သင်းအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ စပါးဟာ ထိပ်တန်းအဆင့်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်(သို့) ဂျုဗင်တပ်နဲ့ တွေ့ဆုံဖို့ရှိနေပြီး ဆီဗီလာ၊ ပေါ်တို၊ ဘေဆယ်နဲ့ ရှက်တာဒိုးနက်အသင်းတို့ဟာလည်း စပါးရဲ့ဖြစ်နိုင်ခြေရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးရဲ၊ ဒေါ့မွန်တို့နဲ့ အတူကျရောက်ခဲ့ပေမယ့် အုပ်စုပထမရအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်တဆင့်မှာ ဘယ်အသင်းကိုမှ ကြောက်ရွံ့စရာမရှိဘူးလို့ အများစုကယူဆနေကြပါတယ်။ ချန်ပီယံလိဂ်မှာ အမြင့်ဆုံးအဆင့်ကို တက်ရောက်နိုင်ဖို့ဆိုရင် ဥရောပရဲ့အကောင်းဆုံးအသင်းတွေကို ကျော်ဖြတ်ရမှာဖြစ်တာကြောင့် ဘယ်သူနဲ့တွေ့မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်"

"ဒီ ၁၆ သင်းအဆင့် မဲခွဲပွဲဟာ စိတ်ဝင်စားစရာကောင်းပြီး ကျွန်တော်တို့အသင်းအနေနဲ့ ဘယ်အဆင့်အထိ တက်ရောက်သွားနိုင်မလဲဆိုတာ သိရဖို့အတွက် အဖြေတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ပထမဦးဆုံးအတွေးကတော့ အုပ်စုအဆင့်မှာ ရမှတ်အများဆုံးနဲ့ နောက်တဆင့် တက်နိုင်တာဟာ အရမ်းကိုကောင်းမွန်ပြီး ဒီလိုမျိုး စွမ်းဆောင်ရည်ကို ကျွန်တော်တို့အနေနဲ့ လာမယ့်ပွဲစဉ်တိုင်းမှာ ပြသသွားနိုင်ဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD