AD
AD
AD

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုကိုင်တွယ်နေတဲ့ မန်ယူအသင်းမှာ ငြီးငွေ့စရာကောင်းလှတယ်လို့ မန်ယူနည်းပြဟောင်း ဗန်ဟားက ပြောဆိုခဲ့ပါ တယ်။

play

 

မန်ယူအသင်းနဲ့ မန်စီးတီးအသင်တို့ ကစားခဲ့ကြတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြဟောင်း ဗန်ဟားက အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မော်ရင်ဟိုမှာ ၂၀၁၆ ခုနှစ်မှာ နည်းပြ ဗန်ဟားနေရာမှာ အစားဝင်လာပြီးနောက်ပိုင်း ခံစစ်အသားပြုတဲ့ ကစားပုံကို အသုံးပြုယှဉ်ပြိုင်လာခဲ့တာ ယနေ့ အထိတိုင်ပဲ ဖြစ်ပါတယ်။

ထို့ကြောင့် နည်းပြ ဗန်ဟားက မိမိလက်ထက် မန်ယူအသင်းမှာ မော်ရင်ဟိုလက်ထက် အသင်းထက် ပိုမိုနားလည်မှုရှိခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ဒါ့အပြင် အမြဲတမ်း ဘတ်စ်ကစားကွက်ကို အခြေံကစားနေခြင်းကြောင့်လည်း မန်စီးတီးက မန်ယူထက် ပိုကောင်းနေတယ်ဆိုတာ သက်သေပြနေသလိုပဲလို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းအနေနဲ့ မန်စီးတီးအသင်းနောက် ဒုတိယနေရာမှာ ရပ်တည်နေပေမယ့်လည်း ၁၁ မှတ်အထိ အမှတ်ကွာဟနေတာ ကြောင့်လည်း ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ အနည်းငယ် အလှမ်းကွာဝေးနေပြီလည်း ဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD