AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ အသင်းကနေ ရောင်းချဖို့ စီစဉ်နေတာကို အပေးအယူတစ်ခုနဲ့ လက်ခံခဲ့တယ်လို့ သိရပါတယ်။

play

 

The Sun သတင်းစာရဲ့ရေးသားချက်အရ လုခ်ရှောဟာ လာမယ့်ရာသီမှသာ ကုန်ဆုံးမယ့် စာချုပ်သက်တမ်းကြောင့် ရပိုင်ခွင့်တွေ ဆုံးရှုံးမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီက ပေါင် ၅ သန်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ လုခ်ရှောဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ နယူးကာဆယ်အသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ အသင်းရဲ့ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် လုခ်ရှောနဲ့ အစားထိုးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ လုခ်ရှောကလည်း ဆောက်သမ်တန်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဆရာဟောင်း ပေါ့ချက်တီနိုလက်အောက်မှာ နောက်တစ်ကြိမ်ပြန်လည်ကစားပေးချင်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD